လှုပ်ရှားမှု ပုံရိပ်များ
၂၀၂၂ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက်ထားရှိသည့် ပညာဘူမိတက္ကသိုလ် စာမေးပွဲဖြေဆိုခွင့်ကတ် ထုတ်ပေးခြင်းစနစ် အကြောင်းသိကောင်းစရာ
၂၀၂၂ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက်ထားရှိသည့် ပညာဘူမိတက္ကသိုလ် စာမေးပွဲဖြေဆိုခွင့်ကတ် ထုတ်ပေးခြင်းစနစ် အကြောင်းသိကောင်းစရာ
✨ ယနေ့မှာတော့ ပညာဘူမိတက္ကသိုလ်၏ စာမေးပွဲဖြေဆိုခွင့်ကတ် ထုတ်ပေးစနစ်အကြောင်း ဗီဒီယိုမှတ်တမ်းလေးအား တင်ဆက်ပေးပါရစေရှင့်
🙏Youtube Link: https://www.youtube.com/shorts/4ZZLVjy69uo
🔹ပညာဘူမိတက္ကသိုလ် သုတဓမ္မစာမေးပွဲများသည် မြတ်စွာဘုရားရှင်၏ အမြတ်ဆုံးသော တရားတော်များကို ပူဇော်ဆည်းကပ်ကြမည့် စာမေးပွဲကြီးဖြစ်သလို၊ စည်းစနစ်ကျနပြီး သပ်ရပ်မှုကို အလေးထားတော်မူသော ဆရာတော်ဘုရားကြီး၏ အဆုံးအမများအတိုင်း ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါသည်။
🔹ပညာဘူမိတက္ကသိုလ်၏ အနုဂ္ဂဟအဖွဲ့ဝင်များနှင့် Volunteer အဖွဲ့ဝင်များသည် စာဖြေသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်မှုများကို စနစ်တကျ ပြုလုပ်ထားကြပါသည်။
🔹စာဖြေဌာနတစ်ခုချင်းစီအလိုက် ခုံနံပါတ်များကို ကြိုတင်စီစဉ်ထားပြီးဖြစ်သလို၊ စာမေးပွဲဖြေဆိုခွင့်ကတ်များကိုလည်း ဌာနအလိုက် အုပ်စုဖွဲ့၍ အခုရေ (၁၀၀) စီ စနစ်တကျ ခွဲခြားပြင်ဆင်ထားပြီး ဖြစ်ပါသည်။
🔹ကတ်ထုတ်ခါနီးမှ ခုံနံပါတ် မသိတာ၊ လိုအပ်တဲ့ မှတ်ပုံတင် မိတ္တူမပါတာ နောက်ပြီး ကတ်လာထုတ်တာလား အမည်စာလုံးပေါင်းလာပြောင်းတာလား တခြားကိစ္စလား ခုံနံပါတ် က အစ လွဲနေတာအစရှိတဲ့ ကိစ္စတွေ မရှိအောင် Token စာရွက်မှာ အရင်ရေးစေပြီး မှ အစဉ်လိုက်ခေါ်သွားနိုင်အောင် စီစဉ်ထားတဲ့ စနစ် ဖြစ်ပါသည်။
🔹ထို့ကြောင့် စာဖြေသူများအနေဖြင့် လာရောက်ချိန်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းမရှိဘဲ မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်များကို လျင်မြန်စွာ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
🔹ယခုစာမေးပွဲသည် စာဖြေသူပေါင်း (၅၀,၀၀၀) ကျော် မှတ်ပုံတင်ထားသည့် အကြီးမားဆုံး စာမေးပွဲတစ်ခုဖြစ်သည့်အတွက် စာဖြေသူများ ရောက်ရှိလာချိန်မှ စတင်စီစဉ်ရခြင်းမျိုး မရှိစေရန်၊ လူစုလူဝေးနှင့် စောင့်ဆိုင်းမှုများ မဖြစ်ပေါ်စေရန်၊ လုပ်ငန်းစဉ်အားလုံးကို ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။
🔹ဤသည်မှာ ပညာဘူမိတက္ကသိုလ် အနုဂ္ဂဟဌာနမှ စနစ်တကျ စီမံဆောင်ရွက်ထားသော စာမေးပွဲဖြေဆိုခွင့်ကတ် ထုတ်ပေးမှုစနစ် ဖြစ်ပြီး၊ စာဖြေသူများအတွက် အချိန်ကုန်သက်သာစေရန်နှင့် စည်းကမ်းတကျ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါသည်။
✨🙏 “ယခုကဲ့သို့ စနစ်တကျ ကြိုတင်ပြင်ဆင်မှုများဖြင့် စာဖြေသူပေါင်း ၅၀,၀၀၀ ကျော်အား အချိန်တိုအတွင်း ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ထားခြင်းမှာ အနုဂ္ဂဟအဖွဲ့ဝင်များနှင့် Volunteer များ၏ စေတနာ၊ စည်းလုံးညီညွတ်မှုနှင့် အဖွဲ့လိုက်ဆောင်ရွက်နိုင်မှုတို့၏ ရလဒ်ပင် ဖြစ်ပါသည်။”
စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့