လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာ တော်ဘုရား ကြွရောက် ၍ အသက်အရွယ် သက်တော်အရ ခန္ဓာ ကိုယ် ပင်ပန်း နွမ်းနယ် မှု ကို အမှူး မထားပဲ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အတွက် နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာများဟောကြား
၇/၁/၂၀၂၆ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် မိတ္ထီလာမြို့ အသောကာရုံရေလည်ကျောင်းတိုက် ကြီးအတွင်းကျင်းပပြုလုပ်မည့် အထူးတရားပွဲ သ်ု့ ပါမောက္ခချုပ်ဆရာ တော်ဘုရား ကြွရောက် ၍ အသက်အရွယ် သက်တော်အရ ခန္ဓာ ကိုယ် ပင်ပန်း နွမ်းနယ် မှု ကို အမှူး မထားပဲ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အတွက် နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာများဟောကြားရန် ကြွရောက် မည်ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီးသည် ယမန် နှစ်က ပြုလုပ်ခဲ့သည့် အဆိုပါ အထူးတရားပွဲသို့ ၉/၁/၂၅ ရက်နေ့တွင်လည်း ကြွရောက်ဟောကြားခဲ့သည်။
ဆရာတော်ကြီး မှ “ မိတ္ထီလာမြို့ နေ တရားနာ ပရိတ်သတ်တို့ အပြင် ရပ်နီးရပ်ဝေး ကျေးရွာ များ မှ ဆရာတော်ဘုရား အား ဖူးမျှော်ရန်၊ ဟောကြားသည့် တရားဒေသနာများကို နာယူကြရန် တရားနာ ပရိတ်သတ် များ အများအပြား လာရောက်ခဲ့ကြ သည်ကို “မိတ္ထီလာ..တရားနာ ပရိတ်သတ် တော်တော်များတာ တရား ဟော မဏ္ဍပ် အမိုး အပြင် ဘက် ကနေတောင်တရားနာယူကြတယ်….ဘုန်းဘုန်းတောင် တရားဟော နေရာ မဏ္ဍပ် ထဲကိုရောက်အောင် မနည်း…လမ်းလျှောက်…ဝင်ရတယ်” ဟု ပင် ၂၀၂၅ ခုနှစ် တရားပွဲ ကို ပြုံး၍မှတ်ချက်ပြု မိန့်တော်မူ ပါသည်။
ဓာတ်ပုံ ၉/၁/၂၀၂၅ အထူးတရားပွဲဓမ္မသဘင်ပုံ
(ဓမ္မသဘင်အဖွဲ့)