ပါမောက္ခချုပ်ဆရာတော်ဘုရား ရေးသားပေးပို့သည့် “စိတ်ဝိညာဉ်” အဆုံးအမဩဝါဒစိတ်ဝိညာဉ်—————-(၁) ရူပကာယကို ဖြစ်ရာဘဝမှာ ထားခဲ့ပြီးဝိညာဉ်သည်သာ ဘဝကူးသည် ဟု အများက ထင်မှတ်ယုံကြည်နေကြသည်၊အမှန်မှာ စိတ်ဝိညာဉ်သည် အလွန်သက်တမ်းတိုသည်၊ ဖြစ်ခိုက် ပျက် ခိုက် ခဏနှစ်မျိုးသာ ထင်ရှား၍ တည်ခိုက်ပင် မထင်ရှားလို့ စိတ္တယမကမှာ တည်ခိုက်ကို မဟောပါ။မျက်စေ့ကိုမှီဖြစ်သောစက္ခုဝိညာဉ်စိတ်သည်မျက်စေ့မှာပင် ချုပ်၏။နားသို့မကူး။ အဘယ်မှာနောက်ဘဝကို ကူးပါမည်နည်း။ပါမောက္ခချုပ်ဆရာတော်၁၂/၀၃/၂၆