ပါမောက္ခချုပ်ဆရာတော်ကြီး ပေးပို့သည့် “အစွဲ ဖြုတ်ဖို့ကြိုးစား” အဆုံးအမ တရားတော်အစွဲ ဖြုတ်ဖို့ကြိုးစား——————————(၁) ဘဝဆိုတာ ကိုယ်ရထားတဲ့ ခန္ဓာငါးပါးကိုခေါ်သည်၊ခန္ဓာငါးပါးကို စွဲလန်းမှု သုံးမျိုးဖြင့် စွဲလန်းနေကြသည်၊ဒါ – “ငါ၊ ငါ့ဘဝ၊ ငါလုပ်တာ “ လို့ပြောနေကြသလို အဟုတ်ထင်နေကြတယ်၊(က)ဒိဋ္ဌိဖြင့် ငါဟု (အတ္တ)အဖြစ် စွဲဲလန်းခြင်း၊(ခ)တဏှာဖြင့် ငါ့ဘဝဟု စွဲလန်းခြင်း၊(ဂ) မာနဖြင့် သဘာဝတရား၏ လုပ်ဆောင်မှုကို ငါ၏လုပ်ဆောင်ဟုစွဲလန်းခြင်း။(၂)သဘာဝတရား၏ ဓမ္မကိစ္စ(ရသ)ကိုဝိပဿနာဉာဏ်ဖြင့်ဆင်ခြင်၍ဤအစွဲသုံးမျိုးကိုဖြုတ်ဖို့ ကြိုးစားရမည်။(မြတ်ဗုဒ္ဓ၏အဆုံးအမ)ပါမောက္ခချုပ်ဆရာတော် (၈၊၄၊၂၆)