လှုပ်ရှားမှု ပုံရိပ်များ
ကျေးဇူးတော်ရှင်ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးကသကျဓီတာ ဆရာကြီးများနှင့် နာယက စာချဆရာများအား ဝါကျွတ်ကာလ အာစရိယပူဇာတွင်အားပေးချီးမြှင့်သည့် ဩဝါဒကထာ
ကျေးဇူးတော်ရှင်ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးကသကျဓီတာ ဆရာကြီးများနှင့် နာယက စာချဆရာများအား ဝါကျွတ်ကာလ အာစရိယပူဇာတွင်အားပေးချီးမြှင့်သည့် ဩဝါဒကထာ
🔔 “သပ္ပုရိသတရများ” ဖြစ်အောင်ကြိုးစားကြ 🔔
🍃 သဒ္ဓါ
🍃 ဟိရိ
🍃 ဩတ္တပ္ပ
🍃 ဗဟုသုတ
🍃 အာရဒ္ဓဝီရိယ
🍃 ဥပဋ္ဌိတသတိ
🍃 ပညာ ဆိုတဲ့
သူတော်ကောင်းတရားများ
🪷 ကိုယ်ကိုတိုင်လည်း
ဒီတရားတွေရှိရမယ် ( သပ္ပုရိသ)
🪷 သူတပါးကိုလည်း
ဒီတရားတွေရှိအောင်
လုပ်ပေးရမယ် (သပ္ပုရိသတရ)
🪷 စာများများဖတ်
စာသင်တာနဲ့တင် သူတော်ကောင်းဖြစ်နေပြီ။
🪷 စာချတာ စိတ်ရှည်ရဲ့လား။
ပြည် ဗာရာဏသီဆရာတော်
ဦးဓမ္မသာရ စာချတာ စိတ်အရှည်ဆုံး။
🪷 စာချတာ
ကုသိုလ်ထဲမှာ အကြီးမားဆုံးကုသိုလ်ပဲ။
ဒီထက်ကြီးတဲ့ ကုသိုလ်မရှိဘူး။
🪷 စာကြံရင်းကနေပြီးတော့
သိသွားရင်လည်း တရားထူးရနိုင်တယ်။
🪷 ကိုယ်သင်တဲ့စာရဲ့
အဓိပ္ပါယ်တွေ သိသွားရင်
အသိဉာဏ်ဆိုတာ
အကြာကြီးလုပ်စရာမလိုဘူး။
🪷 ဘုရားလက်ထက်က
တရားနာရင်း ရဟန္တာဖြစ်သွားတာတွေ
အများကြီးပဲ။
အဲ့သလို ဖြစ်အောင်လုပ်။
🪷 စာချတဲ့အခါမှာ အာရုံစိုက်ပီးတော့ချ။
ချပီးတော့ အဲဒီတရားတွေ
ကိုယ့်သန္တာန်မှာ ရှိရဲ့လားစဉ်းစား။
ရှိအောင်ကြိုးစားရင်အဲဒါလည်း
တရားထူးရသွားနိုင်တယ်။
🪷 အမျိုးသား တစ်ယောက်တောင်မှ
မှတ်မယ်ဆိုပြီး စိတ်စိုက်နာတာနဲ့
သောတာပန်ဖြစ်သွားတယ်။
🪷 စာချရင်းလည်း
သောတာပန်ဖြစ်နိုင်ပါတယ်။
🪷 စာလိုက်ရင်းလည်း
သောတာပန်ဖြစ်နိုင်ပါတယ်။
🪷 တောင်တွေး မြောက်တွေးတော့ မတွေးနဲ့ပေါ့။
သာသနာကြာရှည်တည်ဖို့
🪷 စာချတာ ဘုရားစကားနားထောင်တယ်လို့ စိတ်ကထား၊
မြတ်စွာဘုရားပေးတဲ့တာဝန်ကို
ငါဆောင်ရွက်နေတာလို့ စိတ်ကထား။
🪷 မြတ်စွာဘုရားကိုယ်တိုင်
တရားကို အလေးပြုနေတာ။
🪷 ပရိနိဗ္ဗာန်စံခါနီး
ငါမရှိရင် ငါဟောတဲ့ တရားဟာ
မင်းတို့ရဲ့ ဆရာပဲ လို့ ပြောခဲ့တာ။
🪷 ဘယ်လောက်ကောင်းလဲ။
🪷 “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ဆိုတိုင်း
“စိရံ” မဖြစ်ဘူး။
🪷 ကိုယ်လုပ်နေတာ စာချနေတာ
စိရံ တိဋ္ဌတု ပဲ။
🪷 အဲ့လို ကိုယ်လုပ်နေတာကို
သိအောင်ကြိုးစားကြ။
🪷 တရားအသိဉာဏ်တွေကို
ကိုယ်တိုင် သိအောင်လုပ်ပြီး
သူတစ်ပါးကိုလည်း
ပြန်ဟောပေးကြ။
ဒါမှ “သပ္ပုရိသတရ” ဖြစ်မှာ။
🪷 အထူးသဖြင့်
ဆရာလေးတွေက
အမျိုးသမီးတွေနဲ့ ပိုပြီးနီးစပ်တော့
ပိုပြီးဟောပေးရမယ်။
အသိဉာဏ်ပါသွားအောင်
ဟောပြောပေးရမယ်။
🙏🏻 ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကို အစဉ်ရိုသေဦးခိုက်လျက် 🙏🏻
တပည့် ယုဇနဉာဏီ
🌕 ၁၃၈၇ ခုနှစ်၊သီတင်းကျွတ်လဆန်း(၁၄)ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက် 🌕
🌍 ကမ္ဘာ့ဆရာများနေ့
🙏 ကျေးဇူးတော်ရှင်
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးက
🪷 သကျဓီတာ ဆရာကြီးများနှင့်
နာယက စာချဆရာများအား 🪷
🙏 ဝါကျွတ်ကာလ အာစရိယပူဇာတွင်
🔔 အားပေးချီးမြှင့်သည့် ဩဝါဒကထာ 🔔
Credit
သကျဓီတာ သီလရှင်စာသင်တိုက် Sakya Dhita Nunnery Page မှ ကူးယူမျှဝေပါသည်။

