မွေးနေ့ ဩဝါဒ မိန့်ကြားပေးပါရန် လျှောက်ထားသည့် ပုဂ္ဂိုလ် တစ်ဉီးအတွက် ပါမောက္ခချုပ်ဆရာတော်ဘုရား ချီးမြှင့်သည့် ဓမ္မလက်ဆောင်မွေးနေ့ ဩဝါဒ————————နေ့စဉ်ဘဝမှာ “မဂ္ဂ” လမ်းစဉ်အတိုင်း နေထိုင်နိုင်အောင် သတိပြု ကြိုးစားပါ။▪️အပြောအဆို၊ ပြုလုပ်မှုနှင့် အသက်မွေးဝမ်းကျောင်းကိစ္စများ၌ ဓမ္မအတိုင်း ကျင့်သုံးခြင်း▪️ဘဝ၏ သဘာဝအမှန်ကို သိရန် သတိ၊ သမာဓိဖြင့် ကြိုးစားခြင်း▪️အမှန်တွေးခြင်းဖြင့် အမှန်သိအောင် လေ့လာသုံးသပ်ခြင်း။ဤ မဂ္ဂလမ်းစဉ်သည် ဘဝဒုက္ခဟူသမျှ အဆုံးသတ်ပေးနိုင်သည်။8.10.26ပါမောက္ခချုပ်ဆရာတော်