လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်အရှင်သူမြတ်ကြီးတည်ထောင်တော်မူသည့် ပညာဘူမိ တက္ကသိုလ် အားနိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ ၂၀/၀၉/၂၆ ရက်နေ့က ကြွရောက် ကြည့်ရှူခဲ့သည့် မှတ်တမ်းဓာတ်ပုံများ
ပါမောက္ခချုပ်ဆရာတော်အရှင်သူမြတ်ကြီးတည်ထောင်တော်မူသည့် ပညာဘူမိ တက္ကသိုလ် အားနိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ ၂၀/၀၉/၂၆ ရက်နေ့က ကြွရောက် ကြည့်ရှူခဲ့သည့် မှတ်တမ်းဓာတ်ပုံများ အားဖေါ်ပြအပ်ပါသည်။
🔹🔹🔹
ဆရာတော်ကြီး၏ အင်မတန် မြင့်မားသည့် ဆန္ဒတော် ဖြင့်စတင်ခဲ့သည့် တက္ကသိုလ်ကြီး ၏ ဆောင်ရွက်ချက်များ အပါအဝင် သာသနာပြုလုပ်ငန်းကြီး များ နှင့်စပ်လျဉ်း၍ တက္ကသိုလ်ဆိုင်ရာကိစ္စများကို ဒုတိယပါမောက္ခချုပ် ဆရာတော်များမှ ပြည့်စုံစွာ လျှောက်ထား ခဲ့ကြသည်။
တက္ကသိုလ် စတင်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း
- တက္ကသိုလ်ကြီး၏ ဌာန (၅) ခုဖြစ်သည့် အနုဂ္ဂဟဌာန၊ ကျမ်းပြုဌာန၊ စာကြည့်တိုက်ဌာန၊ ပညာရေးဌာန၊ စာအုပ်ထုတ်ဝေရေးဌာန အသီးသီး၏ ဆောင်ရွက်ချက်များ၊
- ပါရဂူ ကျမ်းစာ ၇ ကျမ်း နှင့် MA ကျမ်းစာ ၃၄ ခု အထိ ပြုစုပြီးသည့် ကျမ်းပြုဌာန ၏ လုပ်ဆောင်မှုများ
-တက္ကသိုလ် ပညာရေး နာယက အဖွဲ့ ၊ တက္ကသိုလ် အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့ ၊ ဧည့်ပါမောက္ခဝင်များ၊
-တက္ကသိုလ် ကြီးတွင် လေ့လာသင်ယူ ကျမ်းစားရေးသားပြုစုနေကြသည့် ဆရာတော် သံဃာတော် ရဟန်းရှင် လူ ပုဂ္ဂိုလ် စုစုပေါင်း ၈၄၆၃၉ ဦး နှင့် အတန်းလိုက် ဦီးရေများ၊
-ကျင်းပ ခဲ့သည့် ဘွဲ့နှင်းသဘင် အခမ်းအနား များနှင့် ဒီပလိုမာ က အစ MA နှင့် ပါဠိပါရဂူများ၏ အချက်အလက် မှတ်တမ်းများ၊
-ပညာဘူမိ တက္ကသိုလ် ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး နာယက များနှင့် အဖွဲ့ ဝင်များ၊၎င်းတို့ ၏ ဆောင်ရွက် ချက်များ ကို ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်သံဃမဟာနာယကဆရာတော်များကလည်း ဩဝါဒများချီးမြှင့်ခဲ့ကြပြီး တက္ကသိုလ်ပုရဝုဏ် အတွင်း ကြည့်ရှူ ခြင်း၊ တက္ကသိုလ် စာကြည့်တိုက် အတွင်းထိန်းသိမ်းထားရှိသည့် နှစ်ရာကျော် သက်တမ်းရှိ ပေစာ ပုရပိုက် များ လူဉီးရေ ၁၀၀၀ ကျော် ဆန့်သည့် ဘွဲ့နှင်းသဘင်ခမ်းမ၊ တက္ကသိုလ် ဆိုင်ရာ ဌာန (၅) ခု ၏ လှုပ်ရှားဆောင်ရွက်မှုများ အား မေးမြန်း၍ ဩဝါဒများ ချီးမြှင့်ခဲ့ကြသည်။



















