လှုပ်ရှားမှု ပုံရိပ်များ
ပညာဘူမိတက္ကသိုလ် (၅) နှစ်ပြည့်စာစောင်
ပညာဘူမိတက္ကသိုလ် (၅) နှစ်ပြည့်စာစောင်
🔹🔹🔹🔹
မြန်မာပြည်မှာသာ လုပ်နိုင်တော့တဲ့ အင်မတန် တန်ဖိုးရှိလှတဲ့ ဗုဒ္ဓ ကျမ်းစာတွေကို ပေမူ၊ ပုရပိုက်မူတွေကနေ စာအုပ်ပေါ်အထိရောက်အောင် စွမ်းနိုင်ကြတဲ့ ကျမ်းအကျော်အမော် ဆရာတော်သံဃာတော်တွေ ရှိတယ်ဆိုတာ ကမ္ဘာ ကိုပါ ပြသနိုင်ခဲ့တဲ့မှတ်တမ်း များ၊
တက္ကသိုလ် အဓိပတိ ဆရာတော်ကြီးကိုယ်တိုင် “ဘုန်းဘုန်း အခုချိန်ထိ အသက်ရှင် ရတာ တန်သွားပြီ” ဟုမိန့်သည်အထိ ဆရာတော်ဘုရား အင်မတန် တန်ဖိုးထားတဲ့ သာသနာပြု လုပ်ငန်း မှတ်တိုင်များ၊
၁၉၂၁ ခုနှစ်ခန့်က ရန်ကုန်တက္ကသိုလ်ကနေ လယ်တီဆရာတော်ကြီးကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (D.Litt)ဘွဲ့ကြီးကို ဆပ်ကပ်ခဲ့တဲ့နောက်ပိုင်း နှစ် ၁၀၀ ကျော်မှာဆရာတော်ဘုရား ထူထောင်ထားသည့် ဤတက္ကသိုလ်ကြီးကနေ D.Litt ( Doctor of Literature) ပါဠိစာပေ ပညာရှင်ဘွဲ့ ဆပ်ကပ်နိုင်သည့်အထိ အချိန်တိုအတွင်း လျှောက်လှမ်းနိုင်ခဲ့သည့် မှတ်တမ်းများ စုံလင်စွာ ပါဝင်မည့်ပညာဘူမိတက္ကသိုလ် (၅)နှစ်ပြည့်စာစောင် မကြာမှီ ထွက်ရှိမည်။
🔹🔹🔹🔹🔹🔹🔹🔹
🔹ပညာဘူမိတက္ကသိုလ် အနေနဲ့ သုတဓမ္မဂဝေသီ (B.A)ဘွဲ့များ ပထမအကြိမ် အပ်နှင်းပြီး မှာ ဆရာတော်ဘုရားကြီး မှ
ဘုန်းဘုန်းတို့ ပညာဘူမိအနေနဲ့ မှတ်တိုင် တစ်ခုရောက်ပြီလို့ ဆိုနိုင်တယ်။ ဒါကိုအကြောင်းပြုပြီး အထိမ်းအမှတ်စာစောင်ခု ထုတ်ဝေနိုင်ရင် ကောင်းမယ်” ဟု ဆရာတော်ဘုရားက မိန့်ကြားထားရှိ အတိုင်း ဤ စာစောင် ကို ထွက်ရှိနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်သည်။
🔹တက္ကသိုလ်ပါမောက္ခ ဆရာတော်များရဲ့ ဆောင်းပါးများ၊ စာဖြေသူများရဲ့ Interview များ၊ ဘွဲနှင်းသဘင် အခမ်းအနားမှာ ဆရာတော်မိန့်ကြားသည့် ဩဝါဒများ
🔹တက္ကသိုလ်အဓိပတိ ဆရာတော်ဘုရား အင်မတန် အလေးအနက်ထားတဲ့ ပါဠိစာပေပညာရှင်ပေးအပ်ခဲ့တဲ့ အခမ်းအနားမှာ ဆရာတော် ဩဝါဒမိန့်ခွန်း အပါအဝင်
ပါဠိစာပေပညာရှင် ဆရာတော်ကြီး (၅)ပါးနဲ့ အဆိုပါ ဆရာတော်တို့ရဲ့ ဖြတ်သန်းခဲ့တဲ့ ဘ၀မှတ်တိုင်တွေနဲ့ နှစ်ပေါင်း (၃၀၀-၄၀၀)လောက် သက်တမ်းရှိနေပြီး တည်းဖြတ်ခြင်း မပြု ရသေးတဲ့ ကျမ်းစာတွေကို စီစဉ်တည်းဖြတ် ပြီးစီးအောင် ဘယ်လို ဆောင်ရွက်ခဲ့ကြသည့် မှတ်တမ်း များ၊
🔹မြန်မာပြည်မှာသာ လုပ်နိုင်တော့တဲ့ အင်မတန် တန်ဖိုးရှိလှတဲ့ ဗုဒ္ဓ ကျမ်းစာတွေကို ပေမူ၊ ပုရပိုက်မူတွေကနေ စာအုပ်ပေါ်အထိရောက်အောင် စွမ်းနိုင်ကြတဲ့ ကျမ်းအကျော်အမော် ဆရာတော်သံဃာတော်တွေ ရှိတယ်ဆိုတာ ကမ္ဘာ ကိုပါ ပြသနိုင်ခဲ့တဲ့မှတ်တမ်း များ
ယခု (၅)နှစ်ပြည့်စာစောင်မှာ မှာ ထည့်သွင်းထားရှိသည်။
🔹ဆရာတော်ကြီးကိုယ်တိုင် “ဘုန်းဘုန်း အခုချိန်ထိ အသက်ရှင် ရတာ တန်သွားပြီ” ဟုမိန့်သည်အထိ ဆရာတော်ဘုရား အင်မတန် တန်ဖိုးထားတဲ့ သာသနာပြု လုပ်ငန်း မှတ်တိုင်များ
🔹၁၉၂၁ ခုနှစ်ခန့်က ရန်ကုန်တက္ကသိုလ်ကနေ လယ်တီဆရာတော်ကြီးကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (D.Litt)ဘွဲ့ကြီးကို ဆပ်ကပ်ခဲ့တဲ့နောက်ပိုင်း နှစ် ၁၀၀ ကျော်မှာတော့ ဆရာတော်ဘုရား ထူထောင်ထားသည့် ဤတက္ကသိုလ်ကြီးကနေ D.Litt ( Doctor of Literature) ပါဠိစာပေ ပညာရှင်ဘွဲ့ ဆပ်ကပ်နိုင်သည့်အထိ အချိန်တိုအတွင်း လျှောက်လှမ်းနိုင်ခဲ့သည့်
ဝမ်းသာကြည်နူးစရာ မှတ်တိုင်များ များ ထွက်ရှိမည့်စာစောင်တွင် ပြည့်စုံစွာပါဝင်မည်ဖြစ်သည်။
စာစောင်ဖြစ်မြောက်ရေး စီစဉ်သူ ဦးရှိန်းသူအောင်၏ မှတ်တမ်းတွင် ဖေါ်ပြပါရှိသည်။
