လှုပ်ရှားမှု ပုံရိပ်များ
MA ကျမ်းစာ စစ်ဆေးပြီးစီးမှုများ နှင့် ဆက်လက် အပြီးသတ် ပြုလုပ်နိုင်ရေး ညီညွတ် စွာ စုဝေး ဆုံးဖြတ် ဆောင်ရွက်တော်မူကြခဲ့သည့် မှတ်တမ်းဓာတ်ပုံများ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်ဖွင့်လှစ် တော်မူထားသည့် ပညာဘူမိတက္ကသိုလ် ၏
အုပ်ချုပ်ရေးနှင့်ပညာရေး အဖွဲ့ တက္ကသိုလ် ပါမောက္ခချုပ် မတ္တရာ ဆရာတော်ဘုရား ဦးဆောင်၍ ဆရာတော်သံဃာတော်များ ၂၀၂၅ နိုဝင်ဘာလ ကုန်ပိုင်းတွင် ကျင်းပပြုလုပ်တော့မည့် စာဖြေ ရန် စာဖြေသူ ၄၂၀၀၀ ကျော် စာရင်း ပေး သွင်း ထားရှိသည့် သုတဓမ္မစာမေးပွဲများ ကျင်းပရေးဆိုင်ရာကိစ္စများ၊ စာမေးပွဲကြီးကြပ် ရေးဆိုင်ရာကိစ္စရပ်များ၊
MA ကျမ်းစာ စစ်ဆေးပြီးစီးမှုများ နှင့် ဆက်လက် အပြီးသတ် ပြုလုပ်နိုင်ရေး၊
တက္ကသိုလ်သဘာပတိ(အဓိပတိ) ဆရာတော် ကြီးမိန့်ကြားသည့် သုတဓမ္မ လေ့လာသူများ ကို တက္ကသိုလ်ပိဋကတ် စာကြည့်တိုက် အတွင်းရှိ ရှေးဟောင်း ဗုဒ္ဓ ကျမ်းစာ၊ ပေစာ၊ ပုရပိုက် မှတ်တမ်းများ၊ ကျမ်းစာ ဗုဒ္ဓစာပေများကို လေ့လာ ၍ ပြုစုမည့် စာတမ်းများ နှင့် ဆက်စပ်လေ့လာ နိုင်ရေး အတွက် မိန့်ကြားထားသည်များကို ညီညွတ် စွာ စုဝေး ဆုံးဖြတ် ဆောင်ရွက်တော်မူကြခဲ့သည့် မှတ်တမ်းဓာတ်ပုံများ။
ယခု တစ်ကြိမ်ကျင်းပပြုလုပ်မည့် သုတဓမ္မစာမေးပွဲများသည် စာဖြေဌာန (၅၀) ဖြင့် သုတဓမ္မ Level 1 မှ BA Part (3) အထိ စုစုပေါင်း (၆) တန်း တိတိ ပထမ အကြိမ် ဖြစ်မည့် စာမေးပွဲများ ဖြစ်သည့် အပြင် စာဖြေရန် စာရင်းပေးသွင်းထားသူ ၄၂၀၀၀ ကျော် အထိ ရောက်ရှိလာသည့် သုတဓမ္မစာမေးပွဲ များဖြစ်သည်။
မှတ်တမ်း အနုဂ္ဂဟအဖွဲ့










