လှုပ်ရှားမှု ပုံရိပ်များ
Dutch Buddhist Community ကိုထူထောင်သူ ဆရာမကြီး Jotika Hermsen (၉၃) နှစ် ကွယ်လွန်သွား ခြင်းအတွက် ဆရာတော်ဘုရားကြီး ပေးပို့သည့် သံဝေဂ စကား
ပါမောက္ခချုပ်ဆရာတော်ဘုရားထံမှ အဘိဓမ္မာ တရားများက်ု ၂၀၀၃ မှစ၍ ၄ နှစ်တိုင် လာရောက် ဆည်းပူးလေ့လာခဲ့သည့် နယ်သာလန် နိုင်ငံနေ Sangha Metta အဖွဲ့အစည်းနှင့် Dutch Buddhist Community ကိုထူထောင်သူ ဆရာမကြီး Jotika Hermsen (၉၃) နှစ် ကွယ်လွန်သွား ခြင်းအတွက် ဆရာတော်ဘုရားကြီး ပေးပို့သည့် သံဝေဂ စကား
Aniccā vatas saņkhāră!
As the Buddha taught
the mind of Jotika supported by morality
(Sīla), concentration (samādhi), wisdom (paññā) will lead to a
blissful life.
Nandamalabhivamsa
(12.3.2026)
ဆရာမကြီး ဒေါ်ဇောတိက ဟမ်းဆန်သည် မြန်မာနိုင်ငံသ်ု့လာရောက်၍ ပါမောက္ခချုပ်ဆရာတော်ဘုရား ထံမှ တရားဓမ္မများကို လာလေ့လာဆည်းပူး သင်ယူခဲ့သည်အပြင်၊
၂၀၂၂ -၂၀၂၄ ခုနစ်ပိုင်းက ဆရာတော်ဘုရားသင်ကြားပြသပေးသည့် Online Weekend Vipassana Dhamma Talk အစီအစဉ်များဖြစ်မြောက်စေရန် စီစဉ်ခဲ့သူတစ်ဦး ဖြစ်သည်။
Vipassana Lecture များကို ဆရာတော့်ထံမှ အကြိမ်ပေါင်း ၅၈ ကြိမ်ကျော် လေ့လာဆည်းပူးခဲ့ပြီး နယ်သလန် နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများသို့ ဗုဒ္ဓဘာသာ တရားတော်များ ဝိပဿနာတရားတော် များက်ု ထပ်ဆင့် ပြန့်ပွါးစေရန် သင်တန်းများ ပို့ချခဲ့သူ လည်းဖြစ်ပါသည်။