လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ဘုရား ဟောကြားဆုံးမထားရှိသည့် ဝိပဿနာရှုဖွယ်တောလေးဆယ် အပိုင်း(၇)ပိုင်း တရားတော်ထဲမှ မိမိတို့ ရရှိထားသည့်ခန္ဓာငါးပါးအပေါ်၌ ဝိပဿနာရှုကွက်လေးဆယ် (ရှုခြင်းအ ရာလေးဆယ်)
သောကပရိဒေဝ လွန်မြောက်ရေး
🔹လူတွေရဲ့နေ့စဉ်ဘဝကို စဉ်းစားကြည့်လိုက်တဲ့အခါမှာ လူတွေရဲ့နှလုံးသား မှာ ပူလောင်မှုတွေနဲ့ ရောထွေးပြီးတော့နေရတယ်။စိတ်နှလုံးအေးချမ်းမှုသက်သာမှုဆိုတာ အနည်းငယ်လေးလောက်ပဲ ရနေကြရတယ်။
🔹ထာဝရအငြိမ်းဓာတ်ကိုမရနိုင်ကြပဲ တပူမဟုတ်တပူဆိုသလို ကြုံတွေ့နေ ကြရတယ်။
🔹စိတ်နှလုံးရဲ့ပူလောင်မှုဆိုတာမှာ မိမိတို့နဲ့သက်ဆိုင်တဲ့ဆွေတွေမျိုးတွေ ပျက်စီးသွားတာနဲ့ ကြုံတွေ့ရခြင်း၊
🔹ပျက်စီးတော့မယ့် အနေအထားမျိုးနဲ့ ကြုံတွေ့ရသဖြင့် စိတ်ပူရခြင်း သောကဖြစ်ရခြင်း၊
🔹မိမိပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေ ပျက်စီးရသဖြင့် စိတ်ပူရခြင်း၊
🔹မိမိကိုယ်တိုင် ရောဂါဝေဒနာရတတ်လို့ စိတ်ပူရခြင်းတို့ကို လျော့နည်း ပပျောက်စေရန်အတွက် အလို့ငှာ
🔹အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ငယ်ရွယ်သူတွေပဲဖြစ်စေ စိတ်နှလုံးပူဆာမှု၊ စိတ်နှလုံးညစ်နွမ်းမှုဆိုတာ ဘယ်သူမှမကြိုက်တာမို့ မကြိုက်တဲ့အပူတွေကကင်းဖို့ရာအတွက် ဝိပဿနာကျင့်စဉ်ဆိုတာ လူမျိုး ဘာသာမရွေး၊ ကျားမမရွေး၊ အသက်ကြီးငယ်မရွေး အားထုတ်သင့်သည် ကို သိရှိနိုင်ကြစေရန် အထူးလိုအပ်ပါသည်
🔹ပါမောက္ခချုပ်ဆရာတော်ဘုရား ဟောကြားဆုံးမထားရှိသည့် ဝိပဿနာရှုဖွယ်တောလေးဆယ် အပိုင်း(၇)ပိုင်း တရားတော်ထဲမှ မိမိတို့ ရရှိထားသည့်ခန္ဓာငါးပါးအပေါ်၌ ဝိပဿနာရှုကွက်လေးဆယ် (ရှုခြင်းအ ရာလေးဆယ်)ဖြင့် ဆင်ခြင်ရှုမှတ်နိုင်စေရန် သာသနာနှင့် ကြုံတွေ့လာတဲ့ အခါမှာ အခုလိုအဆင့်မြင့်တဲ့အသိဉာဏ်တွေရအောင် ကြိုးစားနိုင်ကြစေရန်၊
🔹ကြာဖူးနားဝ ရသွားတာသည်ပင်လျှင် အဆင့်မြင့်တဲ့အသိဉာဏ်လို့မှတ်ယူပြီး မြတ်စွာဘုရားဟောထားတဲ့ တရားနဲ့ပတ်သက်ပြီး အဆင့်မြင့်တဲ့ အသိဉာဏ်တစ်ခုရရှိနိုင်စေသည့် အကျိုးကျေးဇူးများဖြစ်ပေါ်လာစေရန်
🔹ဝိပဿနာရှုပုံရှုနည်းတွင် အနိစ္စ (၁၀) ခု ၊ ဒုက္ခ (၂၅) ခု ၊ အနတ္တ (၅) ခု စုစုပေါင်း ရှုကွက်လေးဆယ်ထဲက ဘယ်ရှုကွက်နဲ့ပဲရှုရှု ခန္ဓာငါးပါးကို ဖြစ်စေနိုင်တယ်လို့ မှတ်သားနားလည်နိုင်ကြစေရန်တို့ကိုရည်ရွယ်၍ ထိုအမြင်တွေနဲ့မြင်မယ်ဆို သံသရာဝဋ်ကလွတ်စေနိုင်တဲ့ ဝိပဿနာဉာဏ် ဝိပဿနာရှုဖွယ်တောလေးဆယ် လက်ကမ်းစာကိုမျှဝေပါသည်။
“ဝိပဿနာရှုဖွယ် တောလေးဆယ်”
၁။ အနိစ္စတော – ဖြစ်မှုပျက်မှုများနှင့် အဆုံးကိုမလွန်နိုင်သော မမြဲခြင်းတရားခန္ဓာငါးပါးပါတကား။
၂။ ဒုက္ခတော – ဖြစ်ပျက်မှုတွေ အစဉ်ထာဝရနှိပ်စက်နေသော ဒုက္ခခန္ဓာငါးပါးပါတကား။
၃။ ရောဂတော – အနာရောဂါကြီးနှင့်တူသော ခန္ဓာငါးပါးပါတကား။
၄။ ဂဏ္ဍတော – အိုင်းအနာကြီးကဲ့သို့ (အနာ့ပဆုပ်ကျောလုံးပုပ်) အညစ်အကြေးများ စုပေါင်းရာဖြစ်သော ခန္ဓာငါးပါးပါတကား။
၅။ သလ္လတော – စူးဝင်ပြီး ဆွဲနှုတ်ဖို့ရာမဖြစ်နိုင်တဲ့ မြှားငြှောင့်နှင့်တူသော ခန္ဓာငါးပါးပါတကား။
၆။ အဃတော – ဆုတ်ယုတ်မှုကိုဖြစ်စေတတ်သော ဆင်းရဲဒုက္ခခန္ဓာငါးပါးပါတကား။
၇။ အာဗာဓတော – နာကျင်တတ်၊ နှိပ်စက်တတ်သော ခန္ဓာငါးပါးပါတကား။
၈။ ပရတော – သူစိမ်းတရံနှင့်တူသော ခန္ဓာငါးပါးပါတကား။
၉။ ပလောကတော – အချိန်မဆိုင်းပျက်စီးနေသော ခန္ဓာငါးပါးပါတကား။
၁၀။ ဤတိတော – ဘေးရန်အန္တရာယ်နှင့်တူသော ခန္ဓာငါးပါးပါတကား။
၁၁။ ဥပဒ္ဒဝတော – ကပ်ရောက်နှိပ်စက်ပြီး အကျိုးမဲ့မှန်သမျှ ယူဆောင်တတ်သော ခန္ဓာငါးပါးပါတကား။
၁၂။ သယတော – ကြောက်စရာဘေးနှင့်တူသော ခန္ဓာငါးပါးပါတကား။
၁၃။ ဥပသဂ္ဂတော – စွဲကပ်နေတဲ့ ဘေးရန်ဆိုးအန္တရာယ်ဆိုးကြီးဖြစ်သော ခန္ဓာငါးပါးပါတကား။
၁၄။ စလတော – မတည်မငြိမ်လှုပ်ရှားပြောင်းလွဲနေသော ခန္ဓာငါးပါးပါတကား။
၁၅။ ပင်္ဘဂုတော – ကျိုးပဲ့ပျက်စီးတတ်သော ခန္ဓာငါးပါးပါတကား။
၁၆။ အဒ္ဓုဝတော – ခိုင်မာမှုမရှိ အခိုက်အတန့်တိုင်းမှာ ပြိုလဲသွားတတ်သော ခန္ဓာငါးပါးပါတကား။
၁၇။ အတာဏတော – ကာကွယ်စောင့်ရှောက်တတ်ခြင်းမရှိသော ခန္ဓာငါးပါးပါတကား။
၁၈။ အလေဏတော – ပုန်းအောင်ရာမဟုတ်သော ခန္ဓာငါးပါးပါတကား။
၁၉။ အသရဏတော – ဘေးရန်ကိုဖယ်ရှားကာကွယ်နိုင်ခြင်းမရှိသော ခန္ဓာငါးပါးပါတကား။
၂၀။ ရိတ္တတော – အနှစ်သာရကင်းမဲ့သော ခန္ဓာငါးပါးပါတကား။
၂၁။ တုစ္ဆတော – အခွံအခေါက်ပမာ အနှစ်မရှိအသုံးမကျသော ခန္ဓာငါးပါးပါတကား။
၂၂။ သုညတော – အတ္တမရှိပိုင်ရှင်မဲ့သော ခန္ဓာငါးပါးပါတကား။
၂၃။ အနတ္တတော – အတ္တမဟုတ် အနတ္တသာဖြစ်သော ခန္ဓာငါးပါးပါတကား။
၂၄။ အာဒီနဝတော – ဆင်းရဲဒုက္ခအပြစ်များ စုဝေးရာ ခန္ဓာငါးပါးပါတကား။
၂၅။ ဝိပရိဏာမဓမ္မတော – ရုပ်ပျက်ဆင်းပျက်ပြောင်းလဲခြင်းသဘောရှိသော ခန္ဓာငါးပါးပါတကား။
၂၆။ အသာရကတော – အနှစ်မဲ့၍ ခိုင်မာမှုမရှိသော ခန္ဓာငါးပါးပါတကား။
၂၇။ အဃမူလတော – ဆင်းရဲဒုက္ခရဲ့ အရင်းခံဖြစ်သော ခန္ဓာငါးပါးပါတကား။
၂၈။ ဝဓကတော – လူသ.တ်သမားကိုယ်တိုင်ဖြစ်သော ခန္ဓာငါးပါးပါတကား။
၂၉။ ဝိဘဝတော – ကြီးပွားမှုကင်း၊ ပွားစီးမှုမရှိသော ခန္ဓာငါးပါးပါတကား။
၃၀။ သာသဝတော – အာသဝေါတရားများ၏ အာရုံဖြစ်သော ခန္ဓာငါးပါးပါတကား။
၃၁။ သင်္ခတတော – အကြောင်းတရားတို့ စုပေါင်းဖန်တီးအပ်သော ခန္ဓာငါးပါးပါတကား။
၃၂။ မာရာမိသတော – ေ.သခြင်းတရား၏ အစာဖြစ်သော ခန္ဓာငါးပါးပါတကား။
၃၃။ ဇာတိဓမ္မတော – မွေးဖွားခြင်းသဘာဝရှိသော ခန္ဓာငါးပါးပါတကား။
၃၄။ ဇရာဓမ္မတော – ရင့်ရော်အိုမင်းခြင်းသဘာဝရှိသော ခန္ဓာငါးပါးပါတကား။
၃၅။ ဗျာဓိဓမ္မတော – နာခြင်းဒုက္ခသဘာဝရှိသော ခန္ဓာငါးပါးပါတကား။
၃၆။ မရဏဓမ္မတော – သေခြင်းသဘာဝရှိသော ခန္ဓာငါးပါးပါတကား။
၃၇။ သောကဓမ္မတော – သောက၏ အကြောင်းတရားဖြစ်သော ခန္ဓာငါးပါးပါတကား။
၃၈။ ပရိဒေဝဓမ္မတော – ငိုကြွေးခြင်း၏ အကြောင်းတရားဖြစ်သော ခန္ဓာငါးပါးပါတကား။
၃၉။ ဥပါယာသဓမ္မတော – အလွန်တရာစိတ်ပင်ပန်းစေတတ်သော ခန္ဓာငါးပါးပါတကား။
၄၀။ သံကိလေသိကဓမ္မတော – စိတ်ပူပန်ညစ်ညူးမှုဖြစ်စေတတ်သော ခန္ဓာငါးပါးတကား။
