လှုပ်ရှားမှု ပုံရိပ်များ
ဓမ္မဒေသနာ နေ့မြတ်အခါ
“သန္ဓေတည် ၊ တောထွက် ၊ ဟောမြွက် ဓမ္မစကြာ ၊ ပြာဋိဟာ”ဝါဆိုလပြည့်နေ့ ဗုဒ္ဓပူဇာ ဓမ္မဒေသနာ နေ့မြတ်အခါ အတွက်
ပါမောက္ခချုပ်ဆရာတော် ဘုရား ပြုစုရေးသားပေးထားသည့် “ဓမ္မဒေသနာ နေ့မြတ်အခါ” Booklet စာအုပ်ကို ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်း တို့ နာယူ ဖတ်ရှူ လိုက်နာ ကျင့်သုံးနိုင်ကြစေရန် ဖေါ်ပြအပ်ပါသည်။
ဤစာအုပ်ငယ်တွင် ဆရာတော်ဘုရား ပြုစုရေးသားပေးထားသည်မှာ
🔹ဝါဆို လပြည့်နေ့ နှင့် မြတ်ဗုဒ္ဓ၏ ဘဝ ဆက်စပ်သည့် မယ်တော်ဝမ်း၌ သန္ဓေတည်ခြင်း၊တောထွက်ခြင်း၊တရားဦး ဓမ္မစကြာ၊ရေမီးစုံစွာ တန်ခိုးပြဋိဟာ ပြသခြင်း ထူးခြားချက် (၄)မျိုး၊
🔹ဝါဆိုလပြည့်နေ့ ရောက်ရှိလာသည့်အခါ ပွါးများ အားထုတ်သင့်သည့် ဗုဒ္ဓနုဿတိ တရားတော်များ၊
🔹မိုးရာသီအစ ဝါဆိုလကို ရှေးမြန်မာများက နွယ်တာလဟု ခေါ်ခဲ့ကြပြီး ယနေ့အခါ၌မူ ရဟန်းသံဃာများ ဝါဆို ဝါကပ်ရာ လဖြစ်လို့ ဝါဆိုလ ဟုသာ သိမှတ်ကြပုံ
🔹နက္ခတ်ချိန်ခါ၊ ၁၂ လ ရာသီ နှင့် မြန်မာ ပြက္ခဒိန် တို့ စုံလင်စွာပါဝင်သည်။
Download ရယူရန် https://www.drnandamalabhivamsa.com.mm/…/first-sermon-day/