လှုပ်ရှားမှု ပုံရိပ်များ
ဒီပလိုမာလက်မှတ် နှင့် B.A ဘွဲ့ အပ်နှင်းခြင်း အစီအစဉ် အတိုင်း ယနေ့ ၁၀/၁/၂၆ မှစ၍ ဒီပလိုမာ အတွက် စလွယ်နှင့် သုတဓမ္မဂဝေသီ အတွက် ဘွဲ့ ဝတ်စုံ ရန်ကုန်မြို့ အနုဂ္ဂဟရုံး၌ လာရောက်ထုတ်ယူနေကြသည့် မြင်ကွင်းများ
၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ တွင်ကျင်းပခဲ့သည့် ပညာဘူမိတက္ကသိုလ် သုတဓမ္မစာမေးပွဲ level (3) အောင်မြင်သူများနှင့်
၂၀၂၅ ခုနှစ် နိုဝင်ဘာ လတွင် ကျင်းပခဲ့သည့် သုတဓမ္မစာမေးပွဲ BA (Part 3) အောင်မြင်ပြီးသူများကို
ဒီပလိုမာလက်မှတ် နှင့် B.A ဘွဲ့ အပ်နှင်းခြင်း အစီအစဉ် အတိုင်း ယနေ့ ၁၀/၁/၂၆ မှစ၍ ဒီပလိုမာ အတွက် စလွယ်နှင့် သုတဓမ္မဂဝေသီ အတွက် ဘွဲ့ ဝတ်စုံ ရန်ကုန်မြို့ အနုဂ္ဂဟရုံး၌ လာရောက်ထုတ်ယူနေကြသည့် မြင်ကွင်းများကို ဖေါ်ပြအပ်ပါသည်။
ပညာဘူမိတက္ကသိုလ် မှ သုတဓမ္မဒီပလိုမာ အတွက် တတိယအကြိမ် မြောက် ဒီပလိုမာလက်မှတ် ကို (၃၇၀၁) ဦးအား အပ်နှင်းမည်ဖြစ်ပြီး…သုတဓမ္မစာမေးပွဲ BA Part (3) ပြီးစီးသူ ( ၂၁၇၀) ဦး တို့ အတွက် သုတဓမ္မဂဝေသီ ဘွဲ့ ကို တက္ကသိုလ်မှ ပထမဆုံးအကြိမ် အပ်နှင်းမည် ဖြစ်ရာ
“ဆရာတော်ဘုရားကြီး မှ ပညာဘူမိတက္ကသိုလ် အနေနဲ့ ဘုန်းဘုန်းတို့ မှတ်တိုင်တစ်ခု ကို ရောက် ပြီလို့ ဆိုနိုင်တယ်”ဟု မိန့်ကြား ထားရှိသည်။
ဒီပလိုမာ အတွက် စလွယ်နှင့် သုတဓမ္မဂဝေသီ အတွက် ဘွဲ့ ဝတ်စုံ လာရောက်ထုတ်ယူကြရာတွင် တိုးဝှေ့ စောင့်ဆိုင်းစရာ မလိုအောင် မိမိ ဖြေဆိုခဲ့သည့် ခုံနံပါတ်/ မှတ်ပုံတင်နံပါတ် ကို ဖြည့်သွင်း၍ မိနစ် အနည်းငယ် အတွင်းမှာပင် UWL system နှင့်တိုက်ဆိုင်စစ်ဆေး၍ အဆင်သင့် ဖြစ်သည်နှင့် စလွယ်နှင့် ဘွဲ့ ဝတ်စုံ ထုတ်ပေးခြင်း၊ deposit လက်ခံခြင်း၊ အခမ်းအနား နေ့ ဓာတ်ပုံ ရိုက်ကူးရန် စာရင်းပေးခြင်းများကို အစု လိုက် အနုဂ္ဂဟ အဖွဲ့ ဝင်များ Volunteer များ မှ စနစ်တကျဆောင်ရွက်ပေးလျှက်ရှိပါသည်။
🔷🔷🔷🔷🔷🔷🔷🔷🔷
ဒီပလိုမာ နှင့် ဘွဲ့ လက်မှတ် ပေးအပ်မည့် အစီအစဉ်များမှာ
၁။ ပညာဘူမိတက္ကသိုလ် သုတဓမ္မ စာမေးပွဲ level-3 အောင်မြင်သူများကို ဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားကို ပညာဘူမိတက္ကသိုလ်တွင် ၂၀၂၆-ခုနှစ် ဖေဖော်ဝါရီလ (၁၂၊၁၃) ရက်နေ့များ၌ ကျင်းပအပ်နှင်းမည်။
ပညာဘူမိတက္ကသိုလ် သုတဓမ္မ စာမေးပွဲ BA (Part 3) အောင်မြင်သူများကို သုတဓမ္မဂဝေသီဘွဲ့ အပ်နှင်းခြင်းအခမ်းအနားကို ပညာဘူမိတက္ကသိုလ်တွင် ၂၀၂၆-ခုနှစ် ဖေဖော်ဝါရီလ (၁၄၊၁၅) ရက်နေ့များ၌ ကျင်းပအပ်နှင်းမည်။
၂။ ဒီပလိုမာ နှင့် ဘွဲ့ လက်မှတ် ပေးအပ်မည့် ခန်းမဆောင်အတွင်းသို့ လက်မှတ်ရယူမည့် သူသာ ဝင်ခွင့်ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၃။ ဒီပလိုမာ နှင့် ဘွဲ့ လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတက်ရောက် ယူနိုင်ရန် Token အမှတ်စဉ်နံပါတ်၊ ရက်စွဲ နှင့် ကြိုတင်စာရင်းပေးသွင်းခြင်း (RSVP) ပြုလုပ်ရန်link ကို ၉/၁/၂၀၂၆ ရက်နေ့မှစ၍ ပြုလုပ်နိုင်ပါမည်။
https://admission.universitywisdomland.edu.mm/rsvp
၄။ ဒီပလိုမာ နှင့် ဘွဲ့ လက်မှတ် ကိုယ်တိုင်တက်ရောက် ယူလိုသူများသည် (နေရာထိုင်ခင်းစနစ်တကျစီစဉ်ထားရှိနိုင်ရန်) (၉-၁-၂၀၂၆) မှ (၂၀-၀၁-၂ဝ၂၆) နေ့အထိ ကြိုတင်စာရင်းပေးသွင်းခြင်း (RSVP) ကို တက္ကသိုလ် website link မှတဆင့် ပြုလုပ်ရန်ဖြစ်ပါသည်။
၅)အခမ်းအနားတက် စလွယ် နှင့် ဘွဲ့ ဝတ်စုံကို ၁၀/၀၁/၂၀၂၆ မှ ၃၁/၁/၂၀၂၆အထိ အနုဂ္ဂဟရုံး ရန်ကုန် တွင် ကြိုတင်ထုတ်ယူရမည်ဖြစ်ပါသည်။
ဒီပလိုမာ နှင့် ဘွဲ့ လက်မှတ် အခမ်းအနား ကျင်းပသည့်နေ့များတွင် ကျင်းပချိန် ပြည့်စုံစွာ ရရှိနိုင်ရန်အတွက် စလွယ် နှင့် ဘွဲ့ ဝတ်စုံများကို ကြိုတင်ထုတ်ယူထားရပါမည်။
၆။ ဒီပလိုမာ နှင့် ဘွဲ့ လက်မှတ်အောင်လက်မှတ်ကို ကိုယ်တိုင်တက်ရောက် မယူနိုင်သူများသည် အနုဂ္ဂဟအသင်း ရုံးချုပ် ရုံးခန်းတွင် (၂ဝ-၂-၂၀၂၆ မှ (၂၀-၃-၂ဝ၂၆) ရက်အတွင်း ထုတ်ယူနိုင်သည်။
ဒီပလိုမာ နှင့် ဘွဲ့လက်မှတ် ပေးအပ်ပွဲ ကြီးကြပ်ရေးအဖွဲ့

















