လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ သက်တော် (၈၃)နှစ်ပြည့် မွေးနေ့ အမှတ်တရ ဆွမ်းကြီးလောင်းလှူပွဲ အလှူတော်
၁၃၈၄ ခု တပေါင်းလပြည့်အခါသမယ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၃)နှစ်ပြည့် မွေးနေ့ အမှတ်တရ ဂုဏပူဇာ ဝိဇာတ ကုသိုလ်မင်္ဂလာ နှင့် သံဃ ဒါန ဆွမ်းကြီးလောင်းလှူပွဲ အလှူတော်
ပါမောက္ခချုပ်ဆရာတော်ကြီး မှ သံဃာ အပါး ၁၀၀၀ အတွက် နဝကမ္မ အလှူငွေများ၊ ပရိတ်ကြီး (၁၁)သုတ် အနှစ်ချုပ် စာအုပ် (၁၀၀၀)၊ သက္ကန်း အစုံ (၁၀၀၀) လှူဒါန်းမှုအစုစုပြုလုပ်သည်။
အနယ်နယ်အရပ်ရပ်က လာရောက်ကြသည့် ဒါယိကာ ဒါယိကာမများ ကလည်း သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း နှင့် ဆရာတော်ဘုရားကြီးဟောကြားသည့် အနုမောဒနာတရား ကို ရိုသေစွာနာယူကြသည်။
ဆွမ်းကြီးလောင်းလှူပွဲ မှတ်တမ်းဓာတ်ပုံများ။


















(ဓမ္မသဘင်အဖွဲ့)
၀၅/၀၃/၂၀၂၃