လှုပ်ရှားမှု ပုံရိပ်များ
သုတဓမ္မဒီပလိုမာ စာမေးပွဲများအတွက် လျှောက်လွှာတင်သွင်းနေကြသည့် ရဟန်းရှင်လူ အများ၏ မှတ်တမ်းဓာတ်ပုံ
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး တည်ထောင်ထားတော်မူသည့် ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်းဖွင့်လှစ်ထားရှိသည့် မင်းရဲကျော်စွာလမ်း စိန့်ဂျွန်း City Mall အနီးရှိ ရုံးခန်း (ယာယီ) ၏ ညနေခင်း ဓာတ်ပုံများနှင့် သုတဓမ္မဒီပလိုမာ စာမေးပွဲများအတွက် ပြီးခဲ့သည့် ရက်များက လျှောက်လွှာတင်သွင်းနေကြသည့် ရဟန်းရှင်လူ အများ၏ မှတ်တမ်းဓာတ်ပုံများ
🔹🔹🔹🔹🔹🔹🔹🔹
level-၁ နှင့် Level-၂ စာမေးပွဲများအတွက် လျှောက်လွှာ တင်သွင်းသူများသည် Facebook Social Media များမှတဆင့် ဝင်ရောက်ရန်မလိုပဲ University of Wisdom Land တက္ကသိုလ် website (သို့) Admission Link မှတဆင့် (သို့) QR code ကို မိုဘိုင်း ဖုန်း camera ရှေ့တွင် နီးကပ်စွာထားလိုက်ရုံဖြင့် တက္ကသိုလ် Website admission Link သို့ တိုက်ရိုက်ရောက်ရှိပါမည်။
Website: https://www.universitywisdomland.edu.mm
Admission: https://admission.universitywisdomland.edu.mm
ပညာဘူမိတက္ကသိုလ် က ကျင်းပပြုလုပ်မည့် သုတဓမ္မဒီပလိုမာ Level-၁ စာမေးပွဲ နှင့် Level-၁ စာမေးပွဲ အောင်မြင်ပြီးသူ အတွက် Level-၂ လျှောက်လွှာများအောက်ဖေါ်ပြပါ ရုံးခန်းနေရာများတွင် ၀၃/၀၂/၂၀၂၃ ရက်နေ့မှ ၁၅/၀၃/၂၀၂၃ ရက်နေ့ နေ့ခင်း ၂:၀၀ နာရီ အထိ လျှောက်လွှာများစတင်တင်သွင်းနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။
လျှောက်လွှာတင်ရန် ရုံးလိပ်စာများမှာ
၁) ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်း ရုံးခန်း (ယာယီ) နံနက်(၁၀း၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊(7/C)၊ မင်းရဲကျော်စွာလမ်း၊ စိန်ဂျွန်း City Mallအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန် ရက်များအားလုံးရုံးခန်းဖွင့်သည်။
(၂) ဓမ္မသဟာယသာသနစင်တာ ရုံးခန်း နံနက် (၈း၀၀) နာရီမှ (၁၀:၀၀)နာရီအတွင်း၊ နေ့ခင်း (၁း၀၀) နာရီမှ (၃း၀၀) နာရီ အတွင်း၊ (အနီးစခန်းလေယာဉ်ကွင်းအနီး၊ အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး။) ပိတ်ရက်မရှိပါ။
(၃) ၀ဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ရုံးခန်း ရုံးခန်း (ယာယီ) နံနက်(၁၀:၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊
(ခွါညိုပန်းဝိုင်း၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန် ရက်များအားလုံးရုံးခန်းဖွင့်သည်။
လျှောက်ထားရာ တွင် အချက်အလက် ပြည့်စုံစွာ ပေးပို့လျှောက်ထားရန်လိုအပ်ပါသည်။
(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)









