လှုပ်ရှားမှု ပုံရိပ်များ
ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟ အသင်း (Dr Nandamalabhivamsa Annugahha Society) ယာယီ ရုံးခန်းသို့ ဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်
ပါမောက္ခချုပ် ဆရာတော်ဘုရား တည်ထောင်ထားရှိသည့် ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟ အသင်း (Dr Nandamalabhivamsa Annugahha Society) ယာယီ ရုံးခန်းသို့ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ၁၇/၁၀/၂၀၂၂ ရက်နေ့တွင် ကြွရောက် ချီးမြှင့်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ဖေါ်ပြအပ်ပါသည်။
ရည်ရွယ်ချက် (၄) ခုဖြင့် တည်ထောင်ထားရှိသည့်
“D.N.M.B အနုဂ္ဂဟ အသင်း”
(က) ပါမောက္ခချုပ် ဆရာတော်ကြီး၏ ဟောတရား အသံ ဖိုင်များ၊ ရေသားပြုစုအပ်သော ကျမ်းစာများ၊ ထုတ်ဝေပြီး ဓမ္မစာပေများကို ထိန်းသိမ်းခြင်း၊ ဆက်လက်ထုတ်ဝေသွားရန် ဆောင်ရွက်ခြင်း၊
(ခ) နှစ်စဉ် တစ်နှစ်တစ်ကြိမ် ပရိယတ္တိဝိသာရဒ စာမေးပွဲကျင်းပခြင်း၊ စာအောင်ဆုနှင်း သဘင်ကျင်းပခြင်း၊
(ဂ) ပညာဘူမိတက္ကသိုလ် နှင့်သုတေသန စာကြည့်တိုက် လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်ခြင်း
(ဃ) မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးနှင့်၊ မဟာသူဗောဓာရုံ ကျောင်းတိုက်ခွဲများ၊ လိုအပ်သည့်အခါ ပြုပြင်ထိန်းသိမ်းခြင်း၊ ထောက်ပံ့လှူဒါန်းခြင်း တို့ဖြစ်သည်။






ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်း ရုံးခန်း (ယာယီ)
ဖွင့်ချိန်: နံနက်(၁၀:၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊ (7/C)၊ မင်းရဲကျော်စွာလမ်း၊ စိန်ဂျွန်း City Mallအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Tel: +959788955566
![]()
တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ််ပါသည်။
(D.N.M.B အနုဂ္ဂဟအသင်း)