လှုပ်ရှားမှု ပုံရိပ်များ
၂၀၁၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့ တွင် တပည့် ဆရာလေး ဒေါက်တာ ယုဇနဥာဏီ ရေးသားပူဇော် ခဲ့သည့်ပါမောက္ခချုပ်ဆရာတော်ကြီး၏အတွေးအမြင်များ
၂၀၁၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့ တွင် တပည့် ဆရာလေး ဒေါက်တာ ယုဇနဥာဏီ ရေးသားပူဇော် ခဲ့သည့်ပါမောက္ခချုပ်ဆရာတော်ကြီး၏အတွေးအမြင်များ စာစုကိုဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
🏆 ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင်ကျရောက်သော ဆရာတော်ကြီး၏ သက်တော် (၇၅) နှစ်ပြည့် စိန်ရတု ဝိဇာတပူဇာအနေဖြင့် အနယ်နယ်အရပ်ရပ်မှတပည့်အပေါင်းမှ မိမိတို့စွမ်းအားရှိသည့်အတိုင်း ပူဇော်ကြသည်ကို ၀မ်းမြောက်ကြည်နူးဖွယ်တွေ့မြင်ကြရမည်ဖြစ်ပေသည်။ ကိုယ်တိုင်ကိုယ်ကျပါ၀င်ဆင်နွှဲ ကုသိုလ်ပြုခွင့်ရသူများ အနေဖြင့်ဆိုဖွယ်မရှိ။ အဝေးရောက်တပည့်များပင်ထိုပီတိတို့ကို မျှဝေခံစားနိုင်ကြသည်မဟုတ်ပါလော။
🏆 မိမိအနေဖြင့်လည်း ဆရာတော်ကြီး ကျန်းမာစွာဖြင့်သက်တော်ရာကျော် ရှည်ပါစေကြောင်းတောင်းဆုပြုရင်း ဆရာတော်၏ အတွေးအမြင် မိန့်ကြားချက်တို့ကိုပြန်ပြောင်းသတိရ ကြည်ညိုမိပါသည်။
🏆 “ဘုန်းဘုန်းက သူများလုပ်တဲ့အလုပ်ကိုမလုပ်ဘူး။ သူများမလုပ်တဲ့အလုပ်ကိုလုပ်တာ”ဟု မိန့်လေ့ရှိသည်။
🏆 မှန်ပါသည်။ ဆရာတော်သည် မိမိ မိန့်ကြားသည့်အတိုင်း လက်တွေ့ ကျင့်သုံးတော်မူသည်။ ဆရာတော်၏ ခံယူချက်သဘောထားတို့ကို စာချရာတွင်လည်းကောင်း၊ တရားဟောကြားရာတွင်လည်းကောင်း သတိပြုမိကြပေမည်။ ယခုခေတ်တွင် ပိဋကတ် စာပေကျွမ်းကျင်နှံံ့စပ်တော်မူကြသော ဓမ္မကထိက၊ ကမ္မဋ္ဌာန်းနည်းပြဆရာတော်များစွာရှိပေရာ မိမိစရိုက်နှင့်သင့်တော်ရာ တရားတော်တို့ကိုရွေးချယ်နာကြားနိုင်ကြပေသည်။
🏆 သို့သော် မိမိလက်လှမ်းမှီသရွေ့ ဆိုရပါမူ အဘိဓမ္မတရားတော်တို့ကို အများနားလည် သဘောပေါက်ပြီး လက်တွေ့ ဘ၀တွင်လိုက်နာကျင့်သုံးနိုင်ရန် ကျယ်ပြန့်စွာဟောကြားသည်မှာကား ဆရာတော်ပင်ဖြစ်မည်ဟုယူဆမိပါသည်။
🏆 ဆရာတော်သည် အဘိဓမ္မတရားတော်တို့ကို ဟောပြောပို့ချရာတွင် ကျမ်းအနှစ်ချုပ် (outline) ထုတ်ကာ ဟောလေ့ရှိသည်။ ဥပမာ – အဘိဓမ္မ (၇)ကျမ်းတွင် အဦးအစဖြစ်သော ဓမ္မသင်္ဂဏီ ကိုပို့ချရာတွင်လည်း ကျမ်းတစ်စောင်လုံးကိုဦးစွာခြုံငုံသုံးသပ်ပီးမှ အခန်းကဏ္ဍ
အလိုက်ပြန်လည်ရှင်းလင်းပို့ချတော်မူသည်။ ဆရာတော့်စကားဖြင့် ဆိုရပါမူ perspective ကိုမြင်အောင်ကြည့်ဖို့များစွာအရေးကြီးပေသည်။
🏆 ထိုကဲ့သို့ perspective ကိုမြင်အောင်ကြည့်နိုင်ဖို့ကား မိမိတို့လိုစာသင်သား တစ်ဦးအတွက်တော့ လွယ်ကူလှသည်မဟုတ်။ ထို့အတူပင်ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့့နေ့စဉ်ရွတ်ပွါးလေ့ရှိသော ပရိတ်ကြီးတွင်ပါသော သုတ်တော်တို့ကို အနှစ်ချုပ် (summary) အမည်ပေးကာ ဟောကြားတော်မူသည်။ ဤသည်ကားမိမိ၏ကိုယ်ပိုင်အမြင်ဖြင့် သုတေသနပြုချက် (research) ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားတော်မူသည်။
🏆 ဆရာတော်သည် ပိဋကတ်စာပေကျွမ်းကျင်နှံံ့စပ်ရုံသာမက ဘာသန္တရ၊
🏆 ဒေသန္တရ ဗဟုသုတလည်း များစွာပြည့်စုံပေရကား လိုအပ်သလို နှိုင်းယှဉ်ချက်များပြု၍လည်းကောင်း၊
🏆 ဥပမာ သာဓကများပေး၍လည်းကောင်း ယုတ္တိကျကျ ရှင်းလင်းအောင်ဟောကြားနိုင်သော တွေးခေါ်ကြံဆမှု ပညာ၊
🏆 တီထွင်ဖန်တီးနိုင်သော ဥာဏ် (creative thinking)နှင့်ပြည့်စုံသူဖြစ်သဖြင့် ပြည်တွင်းတွင်သာမက ပြည်ပမှပညာလိုလားသူ တပည့်အပေါင်း၏လေးစားကြည်ညိုမှုကို ခံယူရရှိတော်မူပေသည်။
🏆 “ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း” ကဲ့သို့ တရားတော်များတွင် ဆရာတော်၏ ထိုအမြင်တို့ကောင်းစွာထင်ဟပ်နေပေသည်။
🏆 အဘိဓမ္မလေ့လာခြင်းမှရရှိသော အသိပညာကို
ဝိပဿနာအကျင့်တွင် လက်တွေ့ ကျင့်သုံးခြင်းကို အနောက်နိုင်ငံသားတို့အနေဖြင့်လွန်စွာတန်ဖိုးထား ရကား ထိုပရိတ်သတ်တို့အတွက် ဆရာတော်၏ ဓမ္မသဟာယ သာသနာ့စင်တာ တွင် Institute of Dhamma Education (IDE)
ကိုဖွင့်လှစ်လျက် နှစ်စဉ်သင်တန်းများ ပို့ချပေးလျက်ရှိရာ ပြည်တွင်းမှ တရားချစ်ခင်သူတော်စင် အပေါင်းတို့သာမက ပြည်ပမှ ဓမ္မမာမက အပေါင်းတို့လည်း တရားဆည်းပူးခွင့်ရရှိကြပြီဖြစ်သည်။
🏆 IDE သည်ကား ဆရာတော်၏ ဓမ္မစိတ်ကူးဥာဏ်ကွန့်မြူးသလောက် အကောင်အထည်ဖေါ်ဆောင်မည့်ကျောင်းတော်ပါပေတည်း။
🏆 ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ တပည့်များမှ ဝိုင်း၀န်းအားဖြည့်ပံ့ပိုးလျက်ရှိကြောင်းဆရာတော်မှ အမိန့်ရှိသဖြင့်များစွာ၀မ်းမြောက်ကြရပါသည်။
🏆 ပိဋကတ်စာပေလောကတွင် ခက်ခဲနက်နဲလှသည့်ကျမ်းစာများဖြစ်သည့် ဝိသုဒ္ဓိမဂ်၊ ပဋ္ဌာန်းအရကောက်
အစရှိသောကျမ်းများနှင့် အခြားပိဋကတ်စာပေများ၊
တရားတော်များကို ရှင်းလင်းစွာ ဘာသာပြန်ဆိုမည့် ဆရာတော်၏ ရည်မှန်းချက်တို့ အောင်မြင်ပါစေကြောင်းနှင့် ဆရာတော် သက်တော်ရာကျော်ရှည်စွာဖြင့် သူတော်ကောင်းတရားတို့ကို ကမ္ဘာအနှံ့ဖြန့်ဝေနိုင်ပါစေကြောင်းတောင်းဆုပြုလျက် ဆရာတော်၏ ဥာဏ်တော်တို့ကိုဦးခိုက်ပူဇော်လိုက်ရပါသည်ဘုရား။ 🙏🏻
အစဉ်ရိုသေဂါရဖြင့်
တပည့်
ယုဇနဥာဏီ (ခတ်ေတ- ဒလေီ)
၂၀၁၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့
(မှတ်ချက်။ ၂၀၀၈ ခုနှစ်၊ ဧပြီလ နှင့် မေလတို့တွင် ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ သြစတီးယားနိုင်ငံ၊ အင်္ဂလန်နိုင်ငံ တို့တွင် ဆရာတော် သင်တန်းပို့ချ၊သည့် မှတ်တမ်းဓါတ်ပုံအချို့ကို ကြည်ညိုနိုင်ပါရန် ပြန်လည်မျှဝေပါသည်။)






















