လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မဟာထေရ်မြတ်ဩဝါဒကထာ
ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ၊ အဘိဓဇမဟာရဋ္ဌဂုရု မဟာသုဗောဓာရုံသာသနဝံသာဓိပတိ
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မဟာထေရ်မြတ်
ဩဝါဒကထာ
နှစ်တစ်ရာပြည့်မွေးနေ့ နေ့မြတ်မဟာ ဂုဏပူဇာမင်္ဂလာ
“သာမန်အားဖြင့် မွေးနေ့ဆိုသည်မှာ မွေးနေ့ရှင်နှင့်သာ သက်ဆိုင်သည့် အမှတ်တရနေ့ ဖြစ်သည်။ သို့ရာ တွင် မွေးနေ့ရှင်သည် အများအတွက် ဟိတသုခကို ဖော်ဆောင်သည့် ပုဂ္ဂိုလ်မြတ်ဖြစ်ပါက ထိုပုဂ္ဂိုလ်မြတ်၏ မွေးနေ့သည် အများနှင့်သက်ဆိုင်သည့် နေ့မြတ်မဟာဖြစ်ပါသည်”။
ဟိမဝန္တာတောင်ကြီးကိုအမှီပြု၍ သယံဇာတ သဘာဝတောတောင်ရေမြေများ တည်ရှိကြ၏။ နွယ်မြက် သစ်ပင် စိမ်းရှင်ကြီးထွားကြ၏။ ပွင့်သီးဝေဆာ လှပစွာတည်ရှိကြ၏။ ထို့အတူ ထူးခြားသည့် ပုဂ္ဂိုလ်မြတ်တို့ကို အမှီပြု၍ ကိုးကွယ်ဆည်းကပ်သူများ တပည့်အဆက်အနွယ်များသည် သီလပညာအရည် အချင်းများမြင့်မားပြီး ကြီးပွားတိုးတက်ရ၏။
သာသနိကဘွဲ့တံဆိပ်များ ဆက်ကပ်ပြီး အလေးအမြတ်ဂုဏ်ပြုအပ်သော မဟာသုဗောဓာရာမ သာသန ဝံသ သမုဋ္ဌာပက ကျေးဇူးရှင် မဟာသုဗောဓာရုံဆရာတော်ဘုရားကြီးကို အမှီပြု၍ မဟာသုဗောဓာရုံ တပည့်များ သည် သီလပညာ အရည်အချင်းများဖြင့် သာသနာတော်၌ ထင်ရှားကြ၏။
သာသနာ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြ၏။ မဟာသုဗောဓာရုံကျောင်းတိုက်များကို တည် ထောင်ကာ အနယ်နယ်အရပ်ရပ်၌ သာသနာပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြ၏။ မိမိတို့ စပ်ဆိုင်ရာ မြို့ ရွာဒေသများ၌ ကျောင်းထိုင်နာယကအဖြစ် သာသနာပြုနေကြသည့် ပုဂ္ဂိုလ်များလည်း များစွာရှိ၏။
မဟာသုဗောဓာရာမဥပဒေသကထာကို ရေးဆွဲ၍ ဥပဒေသ ၂၇-ချက်နှင့်အညီ တပည့်များကို လိုက်နာ စေသဖြင့် မဟာသုဗောဓာရုံတပည့်များသည် စည်းလုံးညီညွတ်ကြ၏။ အများအားဖြင့် ပါသာဒိကဂုဏ်နှင့် ပြည့်စုံကြ၏။