လှုပ်ရှားမှု ပုံရိပ်များ
ပါဠိစကားဝိုင်းအဖွဲ့ဝင်များနှင့် ပါဠိစာပေ လေ့လာနေကြသည့် ပုဂ္ဂိုလ်များအားလုံးအတွက် စာပေပိုမိုလေ့လာနိုင်ကြစေရန် ပါမောက္ခချုပ်ဆရာတော်ဘုရားပြောကြားပေးသည့်အားပေးစကား
ပါဠိစကားဝိုင်းအဖွဲ့ဝင်များနှင့် ပါဠိစာပေ လေ့လာနေကြသည့် ပုဂ္ဂိုလ်များအားလုံးအတွက် စာပေပိုမိုလေ့လာနိုင်ကြစေရန် ပါမောက္ခချုပ်ဆရာတော်ဘုရားပြောကြားပေးသည့်အားပေးစကား Video File အားဖေါ်ပြအပ်ပါသည်။
**** တန်းဖိုးအနေနဲ့ ပြောမယ်ဆိုရင် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ပါဠိတော်တွေကို ကြည့်ရင် ဘုရားလက်ထက်က သံဃာတွေ၊ မြတ်စွာဘုရားကိုယ်တိုင်လည်း ဒါကို အသုံးပြုတယ်၊ သံဃာတွေလည်း ဒါကို အသုံးပြုတယ်၊ ဒို့လည်းပဲ အဲဒါကို လိုက်ပြီးတော့ အတုယူပြီးတော့ သုံးရစွဲရတယ်ဆိုတာ ဘဝမှာ ဒါ တန်းဖိုးတစ်ခုပါပဲလို့။
ပါဠိစကားနားလည်တာ တန်ဖိုးရှိပါတယ်၊ ကြည့်မယ်ဆိုရင် တရားတော်ကို အင်္ဂလိပ်လို ပြန်တာတွေက မမှန်တာတွေ များတယ်၊ သိလည်း မသိဘူး၊ ပါဠိလိုကျတော့ အကုန်ပြည့်တယ်၊ ဆိုပါစို့ သမာဓိကို Concentrate လို့ ပြန်လို့ရှိရင် သမာဓိအဓိပ္ပါယ်မရဘူး၊ ဟုတ်တယ်မလား၊ အဲတော့ သမာဓိကို သမာဓိလို့ပဲ သုံးတာ မှန်တယ်၊
ပညာကျတော့လည်း Analytical Knowledge ပဲ၊ အမှန်တော့ ပ-အပြားအားဖြင့်ဆိုတာ Analyze လုပ်တာကို ပြောတာ၊ လုပ်သိတာ မဟုတ်ဘူး၊ သေသေချာချာကွဲကွဲပြားပြားကို သိတာ၊ ပကာရေန ဇာနာတိဆိုတာ Analyze လုပ်တာ၊ ရေကို ရေလို့ သိတာက ရိုးရိုးသိတာ၊ H2Oကို သိတာကျတော့ Analyze လုပ်တာ၊ ဟုတ်တယ်မလား၊ ဝိပဿနာလည်း အဲအတိုင်းပဲ။
ဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် ဘုရားကို ကြည်ညိုတဲ့စိတ်နဲ့ ပါဠိစကားပြောရင် တန်ဖိုးရှိပါတယ်၊ ဘုရားကို ကြည်ညိုတဲ့ စိတ်နဲ့ပြောပါပေါ့။
စာစီပူဇော်သူ – အရှင်ဣန္ဒကာလင်္ကာရ
Credit ပါဠိစကား အင်တာနက်စာမျက်နှာ