၂၀၂၅-ခု နှစ်ဦးမင်္ဂလာဆုတောင်းမေတ္တာ ပို့သလွှာ————————————/ပါပပါပ မတိက်ကမ်မ၊ပုညပုညေ ပတိဋ္ဌိတာ။ဘယာ သဗ်ဗေ ပမုစ်စန်တု၊ဝဿမှိ အဓုနာဂတေ။အဓုနာဂတေ၊ ယခုမကြာ၊ ရောက်ရှိလာသော။ဝဿမှိ၊နိုင်ငံတကာတွက်စစ်၊ ၂၀၂၅-ခုနှစ်၌။သဗ္ဗေ၊ကမ္ဘာသူ ကမ္ဘာသားသတ္တဝါအများတို့သည်။ပါပပါပံ၊ဆိုးပုပ်မှန်လှ စိတ်ယုတ်မှန်သမျှကို။အတိက္ကမ္မ၊ ရင်တွင်းမထား၊ဖယ်ရှားဖြတ်ကျော်ကြ၍။ပုညပုညေ၊ ဖြူစင်ပြည့်တောင်း စိတ်ကောင်းဟူသမျှ၌။ပတိဋ္ဌိတာ၊စွဲမြဲ ကိုယ်စီ၊ရပ်တည်ကြကုန်သည် ဖြစ်၍။ဘယာ၊ကြောက်လန့် သဲတုန်၊ ဘေးရန်အစုံမှ။ပမုစ္စန္တု၊ ဝမ်းပန်းတသာ၊ လွတ်မြောက်ကြပါစေကုန် သတည်း။ပါမောက္ခချုပ်ဆရာတော်(၂၊၁၊၂၅)