လှုပ်ရှားမှု ပုံရိပ်များ
ဝိပဿနာ ရှူမှတ်ရန် နည်း လမ်း (၄၄) နည်း စာမျက်နှာ ၁၁၆ မျက်နှာ ပါရှိသည့် အိပ်ဆောင် (ခရီးဆောင်)အရွယ်အစားရှိ စာအုပ်
ဆရာတော်ကြီး၏ တပည့် ဒါယကာတစ်ဦး စီစဉ်ပူဇော်သည့် ပါမောက္ခချုပ်ဆရာတော်ဘုရား သင်ကြားပို့ချထားရှိထားသော မဟာသတိပဋ္ဌာန သင်တန်းတရားတော် အား လူအများနေ့စဉ်ဘဝတွင် လွယ်ကူရှင်းလင်းစွာ ဖတ်ရှူလေ့လာ လိုက်နာကျင့်သုံးနိုင်စေရန် အတွက် ဝိပဿနာ ရှူမှတ်ရန် နည်း လမ်း (၄၄) နည်း စာမျက်နှာ ၁၁၆ မျက်နှာ ပါရှိသည့် အိပ်ဆောင် (ခရီးဆောင်)အရွယ်အစားရှိ စာအုပ် ထွက်ရှိထားရာတွင် စာအုပ်တွင်ပါရှိသည့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ အမှာစာ နှင်တကွ စီစဉ်ပူဇော်သူ၏ နိဒါန်းစကားအား ဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
✅✅✅
အမှာစာ
————
နိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင်တဲ့ ဗောဓိ ခေါ် အသိဉာဏ် ရဖို့ သတိ သည် အရေးပါသည့်တရားတစ်ခု ဖြစ်သည်။
ပစ္စုပ္ပန်အာရုံမှာတည်ရှိနေသောသတိကို သတိပဋ္ဌာန ဟုခေါ်သည်၊ ထိုသတိ၏စွမ်းအားဖြင့် ရယူထားသည့်အာရုံလေးမျိုးကို ရှုမြင်သော ဉာဏ်ကို အနုပဿနာ
ဟုခေါ်သည်။
သတိပဋ္ဌာနနှင့် အနုပဿနာ နှစ်ရပ်ပေါင်းစပ် သဖြင့် ရရှိနိုင်သော အကျိုးအမြတ်မှာ မဂ်ဖိုလ် နိဗ္ဗာန် ဖြစ်သည်။
ရှုတ်ထွေးပွေလိမ်နေသည့် လောကကြီးမှ ထွက်ခွါပြီး သန္တိသုခ ကို ရယူလိုပါက သတိပဋ္ဌာနတရားကိုသာ
ကြိုးစားပါ။
ပါမောက္ခချုပ်ဆရာတော်
(၇၊၁၀၊၂၄)
✅✅✅✅
စီစဉ်ပူဇော်သူ၏ နိဒါန်းစကား
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်း ကမ္မဋ္ဌာန်း ရှုမှတ်ရာတွင် လွယ်ကူစေရန် Institute of Dhamma Education (IDE) ၂၀၁၃ ဓမ္မပညာသင်တန်းအဖြစ် ဆရာတော်ဘုရား သင်ကြားပို့ချထားရှိသည့် မဟာသတိပဋ္ဌာနသုတ္တန် သင်တန်း (အပိုင်း ၁ မှ အပိုင်း ၁၈) ပို့ချချက် အနှစ်ချုပ် (၂၁-၉-၂၀၁၃ မှ ၂၉-၉-၂၀၁၃ အထိ) မဟာသတိပဋ္ဌာန သုတ်အနှစ်ချုပ် တရားတော်များ (အပိုင်း၁ မှ အပိုင်း ၅ အထိ) (၂၈-၉-၂၀ဝ၉ မှ၂-၁၀-၂၀ဝ၉) တရားတော်များ မှ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ၏ ခွင့်ပြုချက်ဖြင့် ထုတ်နှုတ် ပူဇော်ပါသည်။
ထုတ်နှုတ် ပူဇော်သူ
ရှိန်းသူအောင်


