ပါမောက္ခချုပ်ဆရာတော်၏ နိုင်ငံတကာနှစ်သစ်ကူး ၂၀၁၉ ခုနှစ် နှစ်ဦးမင်္ဂလာ သြဝါဒကထာ


၂၀၁၉ ခုနှစ်သို့ ကူးပြောင်းရောက်ရှိရာ နိုင်ငံတကာနှစ်သစ်ကူး အခါသမယသည် လူနတ်ဗြဟ္မာ သတ္တဝါအားလုံးအတွက် မင်္ဂလာရှိသော အခါသမယဖြစ်ပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

အထူးအားဖြင့် ပြည်ထောင်စုမြန်မာနိုငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်သူ ပြည်သူအားလုံး ရွှင်ပြုံးဝမ်းသာ မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးနေထိုင်ကြပြီးလျှင် အခက်အခဲဟူသမျှ ကျော်လွှားနိုင်ကြပါစေ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အရှည်ခန့်လျက် တည်တံ့စေရန် ခိုင်မာသော သန္နိဋ္ဌာန်၊ ထက်သန်သော လုံ့လဝီရိယ၊ ညီညွတ်သောစိတ်ထားဖြင့် အမြော်အမြင်ကြီးမားစွာ ဆောင်ရွက်နိုင်ကြပါစေ..ဟု မင်္ဂလာမေတ္တာစကား တိုက်တွန်းပြောကြားအပ်ပါသည်။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm