ပါမောက္ခချုပ်ဆရာတော်ဘုရား ရေးသားပေးပို့သည့် “ကျောင်းဒါယကာ နှစ်ဦး” အဆုံးအမဩဝါဒကျောင်းဒါယကာ နှစ်ဦး———————————(၁) ဇေတမင်းသားကြီး-ဇေတမင်းသားကြီးသည်ဥယျာဉ်မြေရောင်းလို့ ရတဲ့ငွေ ၁၈-ကုဋေနဲ့ ဇေတဝန်ကျောင်းမုခ်ဦးပြာသာဒ်ကို ဆောက်လှူသည်၊ဥယျာဉ်အတွင်းရှိငွေကုဋေပေါင်းများစွာတန်ဘိုးရှိ သစ်ပင်အားလုံးလှူသည်။(၂) သုဒတ္တခေါ် အနာထပိဏ်သူဌေး—ကျောင်းမြေဝယ် ၁၈-ကုဋေ၊ ကျောင်းဆောင်များဆောက်လှူ ၁၈-ကုဋေ။ကျောင်းရေစက်ချပွဲကျင်းပ ၁၈-ကုဋေ၊စုစုပေါင်း ၅၄-ကုဋေ။ထို့ကြောင့် ဇေတဝနေ ဟုလည်းကောင်း၊ အနာထပိဏ္ဍိကဿ အာရာမေ ဟုလည်းကောင်း ဆိုခြင်းဖြစ်သည်။ကျောင်းဒါယကာနစ်ဦး၏ အလှူငွေ စုစုပေါင်းသည် ဇေတဝန်ကျောင်း ကုန်ကျငွေဖြစ်သည်ဟု မှတ်ရမည်၊(သဗ္ဗာသဝသုတ်အဋ္ဌကထာ)ပါမောက္ခချုပ်ဆရာတော် (၁၀၊၄၊၂၆) See less