၂၀၂၄ ခုနှစ် မြန်မာနှစ်သစ်ကူး ကာလမတိုင်မှီက ဒွယဝိပဿနာတရား ရှူပွါးနည်း အပိုင်း (၁)မှ (၅)အထိကို ဆရာတော်ဘုရားကြီး မှ ဟောကြားထားရှိသည်။မကြာမှီ ရက်ပိုင်းအတွင်း ရောက်ရှိလာတော့မည့် အတာသကြင်္န် ကာလအတွင်း ဝိပဿနာ အားထုတ်နည်းများကို သိရှိနားလည် သဘောပေါက်ပြီး အချိန်မရွေး နေရာမရွေး အားထုတ်နိုင်ကြစေရန် ဖေါ်ပြအပ်ပါသည်။ဆရာတော်ဘုရား ဟောကြားထားရှိပေးသည့် ဝိပဿနာရှူပွါး ဓာတ် (၁၈) ပါး အပိုင်းလိုက်တရားတော်များကို Dhamma Download နှင့် သစ္စာပါရမီ (Thitsarparami) Application များမှတဆင့် မိမိတို့ လက်ကိုင်ဖုန်းများသို့ ထည့်သွင်း၍ တရားနာယူ လိုက်နာကျင့်သုံးနိုင်ပါသည်။ဆရာတော်ဘုရား ဟောကြားသင်ပြပေးနေသည့် အဘိဓမ္မာ (၇)ကျမ်း ပါ အဋ္ဌာရသဓာတုယော ဝိပဿနာရှူပွါး ဓာတ် (၁၈) ပါး အတွက် အထောက်အကူပြု စာကိုလည်း ရယူနိုင်ပါသည်။(ဓမ္မသဘင်အဖွဲ့)