လှုပ်ရှားမှု ပုံရိပ်များ
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရား သက်တော် (၈၆) နှစ်ပြည့်မွေးနေ့ နံနက်ခင်းကာလတွင် ဆရာတော်ဘုရားကြီးချီးမြှင့်သည့်ဓမ္မလက်ဆောင် 🙏🏻
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရား သက်တော် (၈၆) နှစ်ပြည့်မွေးနေ့ နံနက်ခင်းကာလတွင် ဆရာတော်ဘုရားကြီးချီးမြှင့်သည့်ဓမ္မလက်ဆောင် 🙏🏻
🔔 ဝေလာမသုတ္တန်မှာ မြတ်စွာဘုရားက ပစ္စည်းအလှူတွေထဲမှာ အဆောက်အဦးအလှူက ပိုပြီးတော့ ကုသိုလ်ဖြစ်နိုင်တယ်ပေါ့။
🔔 ဒီအဆောက်အဦးအလှူထက် သရဏဂုံဆောက်တည်တာက ပိုပြီးတော့ ကောင်းတယ်တဲ့။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။”
🔔 ဒါကိုများသောအားဖြင့် ကုသိုလ်လို့ သိပ်မထင်ကြဘူး။ အဲတော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ –
ဘုရားရှေ့မှာ အမြဲတမ်း ရွတ်ဆိုပူဇော်ပြီးတော့ ကိုယ့်ကိုယ်ကို ဘုရားသည်သာလျှင် ကိုးကွယ်ရာ၊ တရားသည်သာလျှင် ကိုးကွယ်ရာ၊ သံဃာသည်သာလျှင် ကိုးကွယ်ရာ။
🔔 အဲဒီကုသိုလ်က မနည်းဘူး။ ကြီးမြတ်တဲ့ ကုသိုလ်တစ်ခုဘဲ။
🔔 တစ်ခါတစ်ရံကျတော့ လုပ်ရတာလွယ်တော့ အကျိုးမရှိဘူးလို့ထင်ကြတယ်။
🔔 တကယ်စဉ်းစားကြည့်မယ်ဆိုရင် စိန်ရောင်းတဲ့လူလိုပေါ့။
🔔 လမ်းခင်းကျာက်က တောင်ပုံရာပုံပုံပြီးတော့ ကားကြီးတွေနဲ့ သယ်ပြီးတော့ရောင်းရတယ်။ စိန်ကျတော့ လက်ထဲမှာတင် ဆုပ်သွားလို့ရတယ်။ ပိုက်ဆံအိတ်လေးထဲမှာလည်းထည့်သွားလို့ရတယ်။ ဒါပေမယ့် အရောင်းအဝယ် ပစ္စည်းတွေ အပုံကြီးရောင်းတာက ပိုကြီးတယ်လို့ အောက်မေ့ နေကြတယ်။ ပိုက်ဆံရတာချင်းကျတော့ ကွာသွားတယ်။ လက်ထဲမှာပျောက်နေတဲ့ စိန်လေးက ပိုက်ဆံအများကြီးရတယ်။ တွဲကားကြီးတွေနဲ့ သယ်ပြီးတော့ရောင်းရတဲ့ကျောက်က ဘယ်လောက်မှ မရဘူး။
🔔 အဲဒီလိုဘဲ ကုသိုလ်များများရချင်ရင်
“ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊ ဓမ်မံ သရဏံ ဂစ်ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ” သရဏဂုံဆောက်တည်တဲ့ ကုသိုလ်၊
🔔 အဲဒီကုသိုလ်ထက် ပိုကောင်းတာကျတော့
ပိုကောင်းလာအောင်လုပ်ရင် ၅ ပါးသီလလုံအောင်လုပ်လိုက်။
🔔 အဲဒီထက်ပိုကောင်းတာ ပိုကောင်းတယ်ဆိုတာ အဲဒါတွေလည်းပါရမယ်ပြောတာ။ ဒါတွေကို ပယ်ပစ်ရမယ်ပြောတာမဟုတ်ဘူး။
🔔 သရဏဂုံ ကုသိုလ်ကတစ်ခု၊ အဲဒီကုသိုလ် ပေါ်မှာ ၅ ပါးသီလထပ်ပိုး၊
🔔 ပြီးရင်နောက်ထပ် ထပ်ပိုးရမှာ က မေတ္တာဘာဝနာပွါး၊ မေတ္တာဘာဝနာပွါးတဲ့ကုသိုလ်ကျတော့ ခုနကထက် ပိုကောင်းသွားပြန်ရော။
🔔 အဲဒီထက်ကောင်းတဲ့ကုသိုလ်က လောကကြီးဟာ ဘယ်အရာမှမမြဲဘူး၊ အားလုံးဟာ ပြောင်းလဲနေ တယ်။
🔔 အခုဆိုရင်ဘုန်းဘုန်းက ဒီနေ့က (၈၆) ခုက ကုန်သွားပြီ။ ဒါလူတွေရဲ့ သင်္ကေတ ရက်ပေါင်း (၃၆၅) ရက် ပြည့်သွားတာကိုပြောတာ။ အဲဒါကိုဘဲ အသက် (၁) နှစ်အနေနဲ့သတ်မှတ်တာ။ ဒီရက်ပေါင်း (၃၆၅) ရက် အပိုင်းတစ်ခုလွန်မြောက်လာတယ်။ (၈၆) ကုန်ပြီးတော့ နောက်ထပ် သင်္ကေတ တစ်ခုက (၈၇)။ ဒါက ပြောင်းလွဲမှုလို့ဆိုလိုတယ်ပေါ့။
🔔 ဒီပြောင်းလွဲမှုက မြတ်စွာဘုရားသုံးတဲ့ စကားလုံးက ဒီသင်္ခါရတရားတွေရဲ့ ပြောင်းလဲမှုဆိုတာ ပိုပိုပြီးကောင်းလာတာ ပြောတာမဟုတ် ဘူး။
🔔 ဝိပရိဏာမ – ဝိပရိဏာမ ဆိုတာ ပြောင်းလဲသွားတာ။ ဝိ ဆိုတာ ဖောက်ပြန် ပြောင်းလွဲသွားတာ။ ဖောက်ပြန်ပြောင်းလွဲတယ်ဆိုတာ ပိုပိုဆိုးလာတာ။ အကောင်းဖက်ပြောင်းတာမဟုတ်ဘူး။ အဆိုးဖက် ပြောင်းတာ။ သင်္ခါရသဘောတရားတွေ။
🔔 ဥပမာဖြင့် ဒီပန်းလေးက ဒီနေ့လန်းနေပေမယ့် မနက်ဖြန်ကျ ညှိုးမှာဘဲ။ အဲဒါလိုဘဲ လူ့ဘဝဆိုတာ ပိုပို ကောင်းလာတာမရှိဘူး။
🔔 အဲတော့ သင်္ခါရတရားရဲ့ ရွေ့လျားနေမှုကိုကြည့်ပြီးတော့ ပိုပိုကောင်းအောင်လုပ်လို့ရတာ။
ဒီရုပ်ခန္ဓာကိုယ်ကြီးက လုပ်လို့မရဘူး။ လုပ်လို့ရတာဘာရှိတုန်း ဆိုရင် ကုသိုလ်စိတ်တွေ တိုးတိုးလာအောင်လုပ်လို့ရတယ်။ ဒါဘဲအနှစ်သာရ။
🔔 အဲဒါဘဲအနှစ်သာရဆိုတာသိပြီး ကုသိုလ်တရားတွေပွါးအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
🙏🏻 သာဓု သာဓု သာဓု
တပည့်ဒေါက်တာယုဇနဉာဏီ ပြန်လည်ရေးသားပူဇော်ပါသည်ဘုရား။ 🙏🏻🙏🏻

