လှုပ်ရှားမှု ပုံရိပ်များ
ပါဠိသတ္ထဝိဘာဝီ ( ပါဠိစာပေပညာရှင် )Doctor of Literature (D.Litt) ဘွဲ့အပ်နှင်းခြင်း အစီအစဉ်
ပါမောက္ခချုပ်ဆရာတော်ဘုရား တည်ထောင်ထားတော်မူသည့် ပညာဘူမိတက္ကသိုလ် ၏ တက္ကသိုလ် ထူထောင်ရခြင်း နဂိုမူလ ရည်ရွယ်ချက် တစ်ခု ဖြစ်သည့် “အဟောင်းစု အသစ်ပြု” ခြင်းအစီအစဉ် အတိုင်း
ပညာဘူမိတက္ကသိုလ်
ပညာဘူမိ ဝိသိဌမဟာဝိဇ္ဇာလယ
University of Wisdom Land
—————–
ပါဠိသတ္ထဝိဘာဝီ ( ပါဠိစာပေပညာရှင် )
Doctor of Literature (D.Litt) ဘွဲ့
အပ်နှင်းခြင်း အစီအစဉ်
ပေ ပုရပိုက်များ၌သာ ရှိသော ပါဠိကျမ်းစာများနှင့် နှစ်ပေါင်းများစွာ တည်းဖြတ်ခြင်းမရှိ၍ အရေးအသားချွတ်ချော် တိမ်းပါးလျက်ရှိသော ပါဠိကျမ်းအိပ်များကို ပြင်ဆင်တည်းဖြတ်၍ ပညာဘူမိ တက္ကသိုလ် Academic Board အဖွဲ့သို့ တင်သွင်းသူအား စိစစ်ရွေးချယ်၍ ပါဠိသတ္ထဝိဘာဝီ ( ပါဠိစာပေပညာရှင် ) Doctor of literature (D.Litt) ဘွဲ့ အပ်နှင်းမည်။ (မူဝါဒ)
———————–
ပါဠိသတ္ထဝိဘာဝီ (ပါဠိစာပေပညာရှင်) Doctor of literature (D.Litt) ဘွဲ့ အပ်နှင်းမည်
ပညာဘူမိတက္ကသိုလ် Degree Certificate အပ်နှင်းခြင်း အစီအစဉ်အရ ၂၀၂၆-ခုနှစ်တွင် ပါဠိကျမ်းစာကို သုတ်သင်တည်းဖြတ်၍ တင်သွင်းသည့် ဆရာတော် ၅-ပါးအား ပါဠိသတ္ထဝိဘာဝီ (ပါဠိစာပေပညာရှင်) Doctor of Literature in Pali Degree Certificate (D.Litt) ဘွဲ့ကို အပ်နှင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
(၁) ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသ ကျမ်းအမည်- သဒ္ဒသင်္ဂဟပါဠိမဟာဗျာကရဏ (ပေမူ) (နှာ- ၈၆၅)
မဟာဂန္ဓာရုံကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့။
(၂) ဘဒ္ဒန္တသာသနဝရ ကျမ်းအမည်- ဂန္ထာဘရဏာဒိပကရဏစတုက္က (နှာ-၂၅၇) စိန်ရတနာ ဓမ္မာစရိယစာသင်တိုက်၊ ရန်ကုန်မြို့။
(၃) ဘဒ္ဒန္တ အာဒိစ္စဝံသာလင်္ကာရ
ကျမ်းအမည်- အင်္ကုရဋီကာ (နှာ-၄၄၂) ဓမ္မာဓိပတိဓမ္မရိပ်သာ၊ လှည်းကူးမြို့။
(၄) ဘဒ္ဒန္တသိရိန္ဒ ကျမ်းအမည်- ပရမတ္ထဝိသောဓနီဋီကာ (နှာ-၂၈၁) ဓမ္မပါရဂူကျောင်း၊ ရှိမ္မကားရွာ၊ ဝက်လက်မြို့နယ်။
(၅) ဘဒ္ဒန္တပညာနန္ဒာလင်္ကာရ
ကျမ်းအမည်- နိရုတ္တိသာရမဉ္ဇူသာဋီကာ ( နှာ-၇၂ဝ)
မဟာမင်းထင်ကျောင်းတိုက်၊ မင်းဝံတောင်ရိုး၊ စစ်ကိုင်းမြို့။
————————–
ပါဠိသတ္ထဝိဘာဝီ (ပါဠိစာပေပညာရှင်)
Doctor of literature (D.Litt) ဘွဲ့
အပ်နှင်းခြင်း အခမ်းအနား အစီအစဉ်
ကျင်းပမည့်နေ့ရက် – ၁၃၈၇-ခုနှစ် တပေါင်းလဆန်း (၁၁)ရက် ၂၀၂၆-ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက်၊ ကြာသပတေးနေ့။
ကျင်းပမည့်အချိန် – နံနက် ၉-နာရီ စတင်မည်။
ကျင်းပမည့်ဌာန – NOVOTEL HOTEL ရန်ကုန်မြို့။
ဘဒ္ဒန္တ စန္ဒာဝရ မော်ကွန်းထိန်းဆရာတော်
ပညာဘူမိတက္ကသိုလ်

