လှုပ်ရှားမှု ပုံရိပ်များ
သီတင်းသုံး တော်မူကြသော သံဃာတော်(၂၉၀၀)ခန့်တို့အား ဆွမ်း၊သင်္ကန်း၊ဓမ္မပူဇာ၊ ဓမ္မကျမ်းစာများ ကို ၁၆,၁၉,၁၄ ကြိမ်မြောက်အဖြစ် ဆပ်ကပ် လှူဒါန်း ခြင်း
ရန်ကုန်မြို့ မင်္ဂလာဈေးမိသားစုများနှင့် ဓမ္မမိတ်ဆွေများက မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်အားပူဇော်သောအားဖြင့် မဟာသုဗောဓါရုံစာသင်တိုက်၊ မန္တလေးနှင့် အမရပူရမြို့တို့ရှိ မစိုးရိမ်တိုက်သစ်နှင့် မဟာဂန္ဓာရုံစာသင်တိုက်များတွင် သီတင်းသုံး တော်မူကြသော သံဃာတော်(၂၉၀၀)ခန့်တို့အား ဆွမ်း၊သင်္ကန်း၊ဓမ္မပူဇာ၊ ဓမ္မကျမ်းစာများ ကို ၁၆,၁၉,၁၄ ကြိမ်မြောက်အဖြစ် ဆပ်ကပ် လှူဒါန်း ခြင်းတို့ကို ပါမောက္ခချုပ်ဆရာတော်ကြီးအား အမှူးထား၍ ရိုသေစွာ လျှောက်ထားခြင်းအမှုကိုပြုလုပ်ကြသည်။
သက္ကရာဇ် ၂၀၀၀ ကျော်ခန့်က မင်္ဂလာစျေးဓမ္မာရုံနှင် ကမ္ဘာအေး ဇမ္ဗူသီရိဓမ္မာရုံတို့တွင် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီး သည် တပည့်ဒါယိကာ ကိုကျော်သင်း နှင့် မင်္ဂလာစျေးမိသားစု ဝင် များကို အကြောင်းပြု၍ အင်မတန်ခက်ခဲလေးနက်လှသည့် မြတ်ဗုဒ္ဓ၏ ပဋ္ဌာန်းမြတ်ဒေသနာ (၁၈) ပိုင်း၊
ပဋိစ္စသမုပ္ပါဒ်ကိုပဌာန်းနည်းဖြင့်လေ့သုံးသပ်ခြင်း(၁၃)ပိုင်း၊ သစ္စဒေသနာစမ္မစကြာ(၄)ပိုင်း၊အနတ္တလက္ခဏာသုတ်အနှစ်ချုပ်၊ အာဋာနာဋိယသုတ်အနှစ်ချုပ်(၄)ပိုင်း၊
ပါရာယနဒေသနာ(၉)ပိုင်း၊
ဒုဂ္ဂတိဘုံသားတို့၏ အမှာစကားများ၊ ပါရာယန တရားဒေသနာ များအပါအဝင် မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော် ဖြင့် ဟောကြားခဲ့သည့် တရားတော်များကို ယခုခေါတ် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ လွယ်ကူစွာနားလည်သဘောပေါက်စေရန် အထူးတရားဒေသနာများကို ဆရာတော်ကြီးမှ ဟောကြားတော်မူခဲ့သည်။
၂၀၁၀ နှင့် ၂၀၁၅ တို့တွင် နှစ်ကြိမ်တိုင် မင်္ဂလာစျေးကြီးမီးသင့်ခဲ့ပြီး ပစ္စည်းဉစ္စာပျက်စီးခဲ့ရသည့် အချိန်အခါတွင်တောင်မှ နံနက်ခင်း သံဃာဆွမ်းလောင်းမပျက် ခဲ့သည့် မင်္ဂလာစျေး ဆွမ်းလောင်း မိသားစု ဝင်များ၏ လုပ်ဆောင်ချက်ကို ဆရာတော်ဘုရား ကြီး ကိုယ်တိုင် ဟောကြားသည့် တရား ဒေသနာများတွင် ထည့်သွင်းအသိအမှတ်ပြုခဲ့ သည့် မင်္ဂလာစျေးမိသားစုဝင်များ ၏ အလှူဒါနများဖြစ်သည်။
(ဓမ္မသဘင်အဖွဲ့)




