လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော် ဘုရား နေပြည်တော် ၌ ခေတ္တရောက်ရှိသီတင်းသုံးနေစဉ် နံနက်ခင်း ချိန်ခါ အနုမောဓနာ တရားများ ချီးမြှင့်
ပါမောက္ခချုပ်ဆရာတော် ဘုရား နေပြည်တော် ၌ ခေတ္တရောက်ရှိသီတင်းသုံးနေစဉ် နံနက်ခင်း ချိန်ခါ အနုမောဓနာ တရားများ ချီးမြှင့် လျှက်ရှိရာ
ဆရာတော်ဘုရားဟောကြားတော်မူသည့် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ရခြင်း တရားကို ကိုးကွယ်ရခြင်း သံဃာ ကို ကိုးကွယ် ဆည်းကပ်ရခြင်း ၏ အဓိပ္ပါယ် အနှစ်သာရ နှင့် အကျိုးကျေးဇူးများ၊
မိမိကိုယ်တိုင် ကြိုးစားကျင့်ကြံအားထုတ်ရမည့် “ဟိတ” အကြောင်းတရားနှင့် “သုခ”အကျိုးရလဒ် တို့၏ ချိတ်ဆက် ဆက်စပ်နေပုံ နှင့် ဗုဒ္ဓနုဿတိ ပွါးများရမည့် နည်းလမ်းများ၊
Progressive မေတ္တာ ဆင့်ပွါးနည်းများ၊ စိတ်ဖိစီးမှု နှင့် အတွေးလွန်ခြင်း ကြောင့် ဖြစ်ပေါ်လာတတ်သည့် စိတ်ခံစားချက် ဝေဒနာတို့မှ လွတ်မြောက်နည်း များ နှင့် ဝိပဿနာ အားထုတ်နည်း အဆုံးအမများတို့ ကို
ရပ်နီးရပ်ဝေး အသီးသီး ရှိ ဗုဒ္ဓဘာသာဝင်သူတောင်စင် ရဟန်းရှင်လူများ မှ လာရောက် ဖူးမျှော် ကန်တော့် ခြင်း လာရောက် နာယူခြင်း ပြုလုပ်နေကြသည့် မှတ်တမ်းများကို ဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)











